ကာရာဘတ် – နယူးကာဆယ် (ဖေဖော်ဝါရီ ၁၈ ရက်နေ့ ည ၁၂း၁၅ နာရီ)
နယူးကာဆယ်အသင်းက ပွဲကျပ်ကာလ ရလဒ်ဆိုးရွားမှုကို စပါးနဲ့ပွဲမှာ ရပ်တန့်နိုင်ခဲ့ပြီး နောက်ဆုံးနှစ်ပွဲဆက် အနိုင်ရခဲ့ပါတယ်။ ကာရာဘတ်က ပြည်တွင်းမှာ နှစ်ပွဲဆက်အနိုင်ရထားပေမဲ့ ချန်ပီယံလိဂ်နောက်ဆုံးပွဲမှာတော့ လီဗာပူးလ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ အိမ်ကွင်းကစားပုံကောင်းပေမဲ့ ကွင်းမရွေးတဲ့ နယူးကာဆယ်ကိုပဲ ပိုကြိုက်ပါတယ်။
ဘိုဒိုဂလင့် – အင်တာမီလန် (ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၂း၃၀ နာရီ)
အင်တာမီလန်က (၁၆)သင်းအဆင့် တိုက်ရိုက်တက်ရောက်ခွင့်နဲ့ ကပ်လွဲခဲ့တဲ့အသင်းဖြစ်ပြီး ဘိုဒိုဂလင့်ကတော့ အဆင့်(၂၃)နေရာသာ ရခဲ့တဲ့အသင်းပါ။ ဒါပေမဲ့ နော်ဝေကလပ် ဘိုဒိုဂလင့်က မန်စီးတီး၊ အက်သလက်တီကိုတို့ကို အနိုင်ယူခဲ့တာကြောင့် လျှော့တွက်လို့တော့ မရပါဘူး။ နိုင်ပွဲဆက်နေတဲ့ အင်တာမီလန်အသင်း ကပ်နိုင်ရုံလောက်ပဲ ဖြစ်မယ်ထင်ပါတယ်။
ကလပ်ဘရုဂေး – အက်သလက်တီကို (ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၂း၃၀ နာရီ)
ကလပ်ဘရုဂေးက နောက်ဆုံး(၆)ပွဲမှာ တစ်ပွဲသာရှုံးပြီး (၅)ပွဲအနိုင်ရထားတာကြောင့် ခြေတက်နေချိန်လို့ ဆိုရမှာပါ။ အက်သလက်တီကိုကတော့ ဘာစီလိုနာကို ဂိုးပြတ်အနိုင်ရပြီး ဗယ်လက်ကာနိုကို ဂိုးပြတ်ရှုံးခဲ့တာကြောင့် ခြေစွမ်းက ခန့်မှန်းရခက်နေပါတယ်။ အိမ်ရှင်ကိုပဲ ရွေးချင်ပါတယ်။
အိုလံပီယာကော့စ် – လေဗာကူဆင် (ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၂း၃၀ နာရီ)
လတ်တလောခြေစွမ်းမှာတော့ နောက်ဆုံး(၆)ပွဲမှာ (၅)ပွဲအနိုင်ရပြီး တစ်ပွဲသရေကျထားတဲ့ လေဗာကူဆင်က ပိုကောင်းနေပါတယ်။ ဒါပေမဲ့ ဒီရာသီ ချန်ပီယံလိဂ်ဆုံတွေ့မှုမှာ အိုလံပီယာကော့စ်က (၂-၀)ဂိုးနဲ့ အနိုင်ရထားပါတယ်။ ဒီပွဲမှာလည်း အိမ်ရှင်အသင်းပဲ အသာစီးရနိုင်ပါတယ်။