◘ ဂါလာတာစာရေး – ဂျူဗင်တပ်စ် (ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၀၀း၁၅ နာရီ)
ဂျူဗင်တပ်စ်အသင်း ရလဒ်တွေ ဆက်တိုက်ကျနေတယ်။ ကိုပါအီတာလီယာက ထွက်ခဲ့ရပြီဖြစ်သလို၊ စီးရီးအေမှာလည်း နှစ်ပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ ခံစစ်က ဂိုးတွေ
ဆက်တိုက်ပေးနေရပြီး နောက်ဆုံးသုံးပွဲမှာ ရှစ်ဂိုးအထိခွင့်ပြုထားရတာ စိုးရိမ်စရာပါပဲ။ ဂါလာ တာစာရေးအသင်းကတော့ ပြည်တွင်းပြိုင်ပွဲတွေမှာ ရလဒ်ကောင်းနေတယ်။
အိမ်ကွင်းမှာလည်း သုံးပွဲဆက် အနိုင်ရထားလို့ အဝေးကွင်းနှစ်ပွဲဆက် ရှုံးနိမ့်ထားတဲ့
ဂျူဗင်တပ်စ်အသင်း ရုန်းကန်ရနိုင်တယ်။ ဂါလာတာစာရေးအသင်းကို ပိုကြိုက်တယ်။
ဂိုးနည်းတဲ့ပွဲဖြစ်နိုင်တယ်။
◘ ဘင်ဖီကာ – ရီးယဲလ်မက်ဒရစ် (ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၂း၃၀ နာရီ)
ဘင်ဖီကာအသင်းနည်းပြ မော်ရင်ဟိုနဲ့ အသင်းဟောင်း ရီးယဲလ်မက်ဒရစ်တို့ရဲ့ ရေစက်က မကုန်သေးဘဲ Play-offs အဆင့်မှာ ထပ်ပြီးတွေ့ဆုံနေတာဖြစ်တယ်။ ဒီနှစ်သင်းက
လိဂ်ပြိုင်ပွဲအဆင့်ရဲ့ နောက်ဆုံးပွဲစဉ်မှာလည်း တွေ့ဆုံခဲ့ပြီး ဘင်ဖီကာအသင်းက အနိုင်ရလဒ်အပြင် လိုအပ်နေတဲ့ သွင်းဂိုးအရေအတွက်ကိုပါ ဂိုးသမား ထရူဘင်က နာကျင်အ
ချိန်ပိုမှာ သွင်းယူနိုင်ခဲ့လို့ နောက်ဆုံးနေရာကနေ Play-offs ကစားခွင့် ရရှိခဲ့တာပါ။
ဒါကြောင့် ဒီနှစ်သင်းက သုံးပတ်အတွင်းမှာပဲ မကျေပွဲပြန်ဆုံတွေ့နေတာဖြစ်ပြီး
ရီးယဲလ်အသင်း ဘယ်လိုတုံ့ပြန်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။
ရီးယဲလ်အသင်းက လာလီဂါမှာ နိုင်ပွဲဆက်နေလို့ စိတ်ဓာတ်ပိုင်းတက်ကြွနေလိမ့်မယ်။ ဒဏ်ရာသက်သာလာတဲ့ အမ်ဘာပေလည်း ဒီပွဲမှာ ပြန်ပါလာနိုင်ဖို့ရှိတယ်။ ဒါပေမဲ့
ဘင်ဖီကာအိမ်ကွင်းဖြစ်နေလို့ အိမ်ရှင်အသင်း အမှတ်ခွဲယူနိုင်စွမ်းရှိပါတယ်။
◘ ဒေါ့မွန် – အတ္တလန်တာ (ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၂း၃၀ နာရီ)
နှစ်သင်းစလုံး ပြည်တွင်းပြိုင်ပွဲတွေမှာ ပုံစံကောင်းပြနေပြီး နောက်ဆုံးသုံးပွဲဆက်တိုက်
အနိုင်ကစားထားတယ်။ ဒေါ့မွန်အသင်းက ဘွန်ဒစ်လီဂါမှာ ခြောက်ပွဲဆက်တိုက်
အနိုင်ရထားပြီး အောက်တိုဘာနောက်ပိုင်းကတည်းက ရှုံးပွဲမရှိသေးဘူး။ အတ္တလန်တာ
အသင်းကလည်း စီးရီးအေနှစ်ပွဲဆက် အနိုင်ရထားသလို၊ ကိုပါအီတာလီယာမှာ
ဂျူဗင်တပ်စ်ကို ဂိုးပြတ်အနိုင်ယူပြီးတော့ ဆီမီးဖိုင်နယ်တက်ရောက်ထားတယ်။ ဒေါ့မွန်ရဲ့ အိမ်ကွင်းခြေစွမ်း မာကျောမှုကြောင့် ဂိုးမပြတ်ဘဲ အနိုင်ရဖို့ရှိတယ်။ (၂-၁) လောက်
ဖြစ်နိုင်တယ်။
◘ မိုနာကို – PSG (ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၂း၃၀ နာရီ)
Play-offs အဆင့်မှာ နိုင်ငံတူအသင်းတွေတွေ့ဆုံမှုကို ကန့်သတ်မထားတာကြောင့် လီဂူး-၁ ပြိုင်ဘက်နှစ်သင်း ထိပ်တိုက်တွေ့ဆုံနေတာဖြစ်တယ်။ လက်ရှိချန်ပီယံ PSG အသင်းက ချန်ပီယံလိဂ်မှာ နောက်ဆုံး
သုံးပွဲဆက် နိုင်ပွဲပျောက်ခဲ့တာကြောင့် အဆင့် ၁၁ နေရာရောက်သွားပြီး Play-offs အဆင့် ထပ်ကစားရတာပါ။ နောက်ဆုံးကစားတဲ့ လီဂူး-၁ ပွဲစဉ်မှာ ရန်းစ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ထားသလို ဒီရာသီ မိုနာကိုအသင်းနဲ့တွေ့ဆုံမှုမှာလည်း အရှုံးပေးထားရတယ်။ မိုနာကိုရဲ့ အိမ်ကွင်းခြေစွမ်းက အရမ်းမကောင်းပေမဲ့
နှစ်ပွဲဆက် အနိုင်ရထားတယ်။ ဒါပေမဲ့ ဒီလိုပွဲမျိုးမှာတော့ အတွေ့အကြုံပိုများတဲ့ PSG ဘက်က
ရပ်တည်ချင်တယ်။