ရီးယဲလ်နဲ့လမ်းခွဲခဲ့တဲ့ ဗက်ဇ်ကေး ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ဖွယ်ရှိ

ရီးယဲလ်မက်ဒရစ်နဲ့ လမ်းခွဲထားတဲ့ စပိန်ကစား
သမား လူးကပ်စ်ဗက်ဇ်ကေးဟာ စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ဖွယ်ရှိနေ
ပါတယ်။

ဗက်ဇ်ကေး (၃၄ နှစ်)ဟာ ရီးယဲလ်အသင်းမှာ ၁၈ နှစ်ကြာ ရှိနေခဲ့ပြီး ပြိုင်ပွဲစုံ ၄၀၂ ပွဲ ကစားပေးခဲ့ပါတယ်။

၎င်းဟာ ရီးယဲလ်အသင်းမှာ ချန်ပီယံလိဂ်ဖလား ငါးကြိမ်အပါအဝင် ဆုဖလားအမြောက်အမြား ရရှိခဲ့ပါတယ်။

ရီးယဲလ်အသင်းမှာ တစ်နှစ် ယူရို ၄.၅ သန်းရရှိခဲ့တဲ့ ဗက်ဇ်ကေးရဲ့လစာကတော့ ဂျူဗင်တပ်အဖို့
အတားအဆီးဖြစ်လာနိုင်ပါတယ်။

ဂျူဗင်တပ်စ်အသင်းနည်းပြ တူဒေါကတော့ အားနည်းတဲ့ အသင်းညာခြမ်းမှာ ကာလတိုအစားထိုးဖို့ ဗက်ဇ်ကေးကို အလိုရှိနေပါတယ်။

ဒါ့အပြင် လူငယ်ကစားသမားတွေဖြစ်တဲ့ လက်ချီက ယိုအန်ဂွန်ဇာလက်ဇ်၊ ဖီအိုရင်တီးနားက ဒိုဒိုတို့ကို
လည်း စိတ်ဝင်စားနေပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။