မန်ယူတိုက်စစ်မှူး ဟွိုင်လန်းကိုလည်း ဂျူဗင်တပ်စ်အသင်း စိတ်ဝင်စားနေ

မန်ယူအသင်းက အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ဂျူဗင်တပ်စ်အသင်းဟာ မန်ယူအသင်းရဲ့ ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်လန်းကိုလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ မန်ယူအသင်းရဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကိုလည်း စုံစမ်းဆက်သွယ်မှုပြုလုပ်ခဲ့ပြီး ရပ်ရှ်ဖို့ဒ်က ဘာစီလိုနာကိုပြောင်းရွှေ့ဖို့သာ စိတ်အားထက်သန်နေတာကြောင့် နောက်ဆုတ်ခဲ့တာပါ။

ဒါပေမဲ့ အခု ဟွိုလန်းကို ခေါ်ယူဖို့ စုံစမ်းလာတာကြောင့် အီတလီမီဒီယာတွေကတော့ မန်ယူအသင်းရဲ့ တတိယမြောက်ကစားသမားကို ဂျူဗင်တပ်စ် ကြိုးပမ်းနေပြီလို့ ဖော်ပြခဲ့ကြပါတယ်။

ဟွိုင်လန်းက အီတလီမြေမှာ ခြေစွမ်းပြခဲ့ဖူးသူဖြစ်တာကြောင့် အင်တာမီလန်နဲ့ အေစီမီလန်တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်နေပါတယ်။

မန်ယူအသင်းက တိုက်စစ်ပိုင်းကို အပြောင်းအလဲလုပ်ဖို့ စီစဉ်နေပြီး ဟွိုင်လန်းက နည်းပြ အာမိုရင်မ် အလိုမရှိတဲ့ ကစားသမားတစ်ဦး ဖြစ်နေတယ်လို့လည်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။