မန်ချက်စတာယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်ကို ခေါ်ယူဖို အက်စတွန်ဗီလာအသင်းနဲ့ ဆွေးနွေးနေတယ်လို သတင်းထွက်န

မန်ချက်စတာယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်ကို ခေါ်ယူဖို့ အက်စတွန်ဗီလာအသင်းနဲ့ ဆွေးနွေးနေတယ်လို့ သတင်းထွက်နေပါတယ်။

အသက် (၃၂) နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင်ဂိုးသမား မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ကလပ်အသင်းအတွက်ရော နိုင်ငံလက်ရွေးစင်အသင်းအတွက်ပါ လက်စွမ်းပြနိုင်ခဲ့တာပါ။

ဒါကြောင့် မန်ချက်စတာယူနိုက်တက်နည်းပြ အာမိုရင်မ်ဟာ အခုနွေမှာ မာတီနက်ဇ်ကို ဦးစားပေးပစ်မှတ်အဖြစ် ခေါ်ယူပေးဖို့ အသင်းတာဝန်ရှိသူတွေကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လက်ရှိမှာ အသင်းရဲ့ ပထမဂိုးသမားဖြစ်သူ အိုနာနာ လေ့ကျင့်ရေးကွင်းမှာ တံကောက်ကြောဒဏ်ရာရပြီး (၆) ပတ်ကနေ (၈) ပတ်အထိ အနားယူရဖို့ ရှိနေတာကြောင့် မာတီနက်ဇ်ကို ခေါ်ယူဖို့ အရှိန်မြှင့်ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

ဗြိတိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ မာတီနက်ဇ်ကို ခေါ်ယူဖို့အတွက် အက်စတွန်ဗီလာအသင်းနဲ့ ဆွေးနွေးနေပေမဲ့ သဘောတူညီမှုတော့ မရသေးဘူးလို့ သိရပါတယ်။

မာတီနက်ဇ်ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အပြင် အက်သလက်တီကိုမက်ဒရစ်နဲ့ ဆော်ဒီကလပ်တွေကလည်း စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။