■ ခရစ္စတယ်ပဲလေ့စ်အသင်းကို ယူရိုပါလိဂ်အစား ကွန်းဖရန့်လိဂ်သာ UEFA ယှဉ်ပြိုင်ခွင့်ပေး

FA Cup ချန်ပီယံ ခရစ္စတယ်ပဲလေ့စ်အသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲအစား ကွန်းဖရန့်လိဂ်ပြိုင်ပွဲသာ ယှဉ်ပြိုင်စေဖို့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။

ပဲလေ့စ်အသင်းဟာ UEFAရဲ့  multi-club ownership စည်းမျဉ်းကို ချိုးဖောက်လို့ အခုလို တစ်ဆင့်နိမ့်တဲ့ပြိုင်ပွဲကိုသာ ယှဉ်ပြိုင်ရတာဖြစ်တယ်။

ပဲလေ့စ်အသင်းမှာ ရှယ်ယာပိုင်ဆိုင်တဲ့ ဂျွန်တက်တာဟာ ပြင်သစ်ကလပ် လိုင်ယွန်အသင်းရဲ့ ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပဲလေ့စ်အသင်းအစား ကွန်းဖရန့်လိဂ်ကို ယှဉ်ပြိုင်ခွင့်ရထားတဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ အစားထိုးခဲ့ပါတယ်။

UEFA က အခုဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပဲလေ့စ်အသင်းကို နိုင်ငံတကာအားကစားခုံရုံးထံ အယူခံဝင်ခွင့် ပေးထားပါတယ်။

ပဲလေ့စ်အသင်းကလည်း အယူခံဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပဲလေ့စ်အသင်းဥက္ကဋ္ဌ စတိဗ်ပါရစ်ရှ်က အခုဆုံးဖြတ်ချက်အပေါ် ဘောလုံးသမိုင်းမှာ အကြီးမားဆုံးမမျှတမှုလို့ ဝေဖန်ခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။