မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်

မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာတစ်ဦးဖြစ်တဲ့ မြလုံးချောဟာ လာမယ့်မေ (၃၀) ရက် (စနေ) မှာ ခွန်ခမာပြိုင်ပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာ ထွန်းချာလီနဲ့ ယှဥ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။

Xtreme Cambodia Kun Khmer လို့အမည်ရတဲ့ ခွန်ခမာပြိုင်ပွဲကို လာမယ့်မေ (၃၀) ရက်မှာ ကမ္ဘောဒီးယားနိုင်ငံ ၊ ဖနွမ်းပင်မြို့ VIP Arena မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ပြိုင်ပွဲမှာ တွဲဆိုင်း (၇) ဆိုင်း ပါဝင်မှာဖြစ်ပြီး မြန်မာဖိုက်တာ မြလုံးချောဟာ ခွန်ခမာ (၅၄) ကီလိုတန်းမှာ အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ ထွန်းချာလီနဲ့ (၃) မိနစ် (၃) ချီ ထိုးသတ်ရမှာဖြစ်ပါတယ်။

မြလုံးချောဟာ မြန်မာ့ရိုးရာလက်ဝှေ့ ဒုတိယတန်းမှာ ပွဲပေါင်းများစွာထိုးသတ်နေသူဖြစ်ပြီး ယခုနောက်ပိုင်းမှာ ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲတွေကို သွားရောက်ထိုးသတ်နေသူဖြစ်ပါတယ်။

မြလုံးချောဟာ ယခုလအတွင်း နောက်ဆုံးထိုးသတ်ခဲ့တဲ့ ခွန်ခမာပြိုင်ပွဲမှာ အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာကို အမှတ်နဲ့ အနိုင်ရထားပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။