မန်ယူနိုက်တက်အသင်းဟာ အကြီးမားဆုံးအောင်မြင်မှုတွေအတွက် စိန်ခေါ်နိုင်ခွင့်နဲ့ ထိုက်တန်တယ်လို့ ကာရစ် ပြောကြား

မန်ယူနိုက်တက်အသင်း အမြဲတမ်းနည်းပြဖြစ်လာတဲ့ မိုက်ကယ်ကာရစ်က သူ့ရဲ့အသင်းဟာ အကြီးမားဆုံးအောင်မြင်မှုတွေအတွက် စိန်ခေါ်နိုင်ခွင့်နဲ့

ထိုက်တန်တယ်လို့ ပြောကြားခဲ့ပါတယ်။

၎င်းက အခုချိန်ဟာ ပြင်းပြတဲ့ ဆန္ဒ၊ ရှင်းလင်းပြတ်သားတဲ့ ရည်ရွယ်ချက်နဲ့အတူ ရှေ့ကို အတူတကွ ထပ်မံလျှောက်လှမ်းရတော့မယ်လို့

မှတ်ချက်ပြုခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ငါးလတာအတွင်း အသင်းကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း အသိအမှတ်ပြု ချီးကျူးခဲ့ပါတယ်။

ကာရစ်ဟာ ယမန်နေ့က မန်ယူနိုက်တက်အသင်းနဲ့ နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ကာရစ်လက်ထက် ၁၆ ပွဲမှာ ၁၁ ပွဲအထိ အနိုင်ရခဲ့လို့ (ကျန် ငါးပွဲမှာ သုံးပွဲသရေ နှစ်ပွဲရှုံး) အနိုင်ရာခိုင်နှုန်း

၆၈.၈ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

အခုရာသီ ပရီးမီးယားလိဂ်မှာ ပျမ်းမျှရမှတ်အများဆုံး နည်းပြအဖြစ် ၂.၂၅ မှတ်နဲ့ ထိပ်ဆုံးက ရပ်တည်ခဲ့ပြီး ဖာဂူဆန်လက်ထက် ၂၀၁၂-၁၃

ရာသီက ၂.၃၄ မှတ် ရှိခဲ့ပြီးနောက်ပိုင်း မန်ယူနိုက်တက်နည်းပြတွေထဲ ပျမ်းမျှရမှတ်အများဆုံး ဖြစ်လာခဲ့တယ်။

ကာရစ်ဟာ သူကိုင်တွယ်တဲ့ ငါးလတာအတွင်း မန်ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်မှာ နိုင်ပွဲအများဆုံးနဲ့ ရမှတ်အများဆုံးအသင်းအဖြစ်

မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။