လုပ်ပြမယ့် အလွန်ဆို
ချယ်လ်ဆီးအသင်းကိုတာဝန်ယူခွင့်ရလို့ ဇာဗီအလွန်
ဂုဏ်ယူပျော်ရွှင်နေတယ်။
အလွန်ဆိုရဲ့ စိတ်ခံစားချက်တွေ လှုပ်လှုပ်ခတ်ခတ်
ဖြစ်နေပါတယ်။ဇာဗီအလွန်ဆိုက တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားပြီး အတိုင်းမသိ ဝမ်းသာမိတယ်လို့ ပြောပါတယ်။
ချယ်လ်ဆီးအသင်းက ဘောလုံးလောကရဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းကြီးတွေထဲက တစ်သင်းပါလို့လည်း
အလွန်ဆိုချီးကျူးခဲ့တယ်။
အစဉ်အလာကြီးမားပြီး ဖလားအစုံသိမ်းဖူးတဲ့အသင်းကို
နည်းပြအဖြစ် တာဝန်ယူပြီးအောင်မြင်မှုတွေ
ပြန်လည်သိမ်းပိုက်ပေးဖို့ ရည်ရွယ်ထားပါတယ်။
ချယ်လ်ဆီး အသင်းပိုင်ရှင်တွေနဲ့ အလြန္ဆို အသေးစိတ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီလိုဆွေးနွေးပြီးနောက် ချယ်လ်ဆီးအသင်းရဲ့
အနာဂတ်စီမံကိန်းတွေကို အလြန္ဆို ယုံကြည်ခဲ့တယ်။
ချယိလ်ဆီးအသင်းကို ဆုဖလားတိုင်း၊ ပြိုင်ပွဲတိုင်းမှာ ယှချန်ပီယံဆုစိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်းတစ်သင်းဖြစ်အောင် အတူတူ ပြန်လည်တည်ဆောက်ချင်နေပါတယ်။
လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားစုဖွဲ့မှုကိုလည်းအလွန်ဆိုကျေနပ်နေပါတယ်။
ဇာဗီအလြန္ဆို က ” ချယ်လ်ဆီးအသင်းက
လူငယ်သွေးသစ်နဲ့ ဝါရင့်တွေပေါင်းစပ်ထားပြှး
ပါရမီရှင်ကစားသမားတွေအများကြီးရှိနေတဲ့
အသင်းကောင်းတစ်သင်းဖြစ်ပါတယ်။
ကစားသမားတစ်ဦးချင်းစီမှာ အလားအလာကောင်းအများကြီးရှိနေပါတယ်။ အခုလို သမိုင်းကြောင်းအစဉ်အလာ
ကောင်းမွန်ပြီးအရည်အသွေးရှိတဲ့ ကစားသမားတွေရှိနေတဲ့
ချယ်လ်ဆီးအသင်းကို ကျွန်တော်ကိုယ်တိုင် ဉီးဆောင်ခွင့်ရတဲ့
ရတဲ့အပေါ် တကယ္ကို စိတ္လှုပ်ရှားမိပါတယ်” လို့ပြောတယ်။