ဘရိုက်တန်အသင်းနည်းပြ ဝေဖန်
အာဆင်နယ်ကို ရှုံးနိမ့်တဲ့ပွဲအပြီးမှာ ဘရိုက်တန်အသင်းနည်းပြဟာဇယ်လာက အာဆင်နယ်အသင်းဟာ အချိန်ဆွဲကစားတဲ့အသင်းလို့ဝေဖန်ခဲ့ပါတယ်။
အာဆင်နယ်အသင်းက ဘရိုက်တန်ကိုနိုင်လို့ အဆင့်(၂)နေရာက မန်စီးတီးအသင်းထက် (၁)ပွဲပိုကစားပြီး ရမှတ်(၇)မှတ်ဖြတ်ကာ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယိ။
ပထမပိုင်းပွဲချိန်အတွင်းမှာ အာဆင်နယ်အသင်းနည်းပြအာတီတာနဲ့ ဘရိုက်တန်နည်းပြ
ဟာဇယ်လာတို့ အချင်းများခဲ့ကြပါသေးတယ်။
ဟာဇယ်လာက အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာအချိန်ဆွဲကစားတာကိုဝေဖန်ခဲ့သလို၊
ဘောလုံးပွဲကို ဘောလုံးပွဲနဲ့တူအောင် သူတို့အသင်းကပဲ
ကစားခဲ့တယ်လို့ပြောခဲ့ပါတယ်။