ဂျူဗင်တပ်စ်အသင်းရဲ့နည်းပြ စပယ်လက်တီက စပါးအသင်းမှာ အငှားကစားနေတဲ့ ပြင်သစ်တိုက်စစ်မှူး မူအာနီကို လာမယ့်နွေရာသီမှာ ခေါ်ယူပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။
မူအာနီ(၂၇ နှစ်)ဟာ PSG အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ၂၀၂၅ ဇန်နဝါရီမှာ ဂျူဗင်တပ်စ်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ဖူးပါတယ်။
ဂျူဗင်တပ်စ်အသင်းမှာ ပြိုင်ပွဲစုံ(၂၂)ပွဲကစားကာ (၁၀)ဂိုးသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် စပယ်လက်တီက ခေါ်ယူဖို့ တောင်းဆိုထားခြင်းဖြစ်ကြောင်း သိရပါတယ်။
မူအာနီဟာ ဒီရာသီမှာ စပါးအသင်းကို အငှားနဲ့ ပြောင်းရွှေ့ကစားနေရာမှာတော့ ပြိုင်ပွဲစုံ(၂၈)ပွဲမှာ (၄)ဂိုးသာ သွင်းယူထားနိုင်ကြောင်း သိရပါတယ်။
PSG အသင်းက မူအာနီကို ယူရို(၇၅)သန်း + Add-ons ကြေး ယူရို(၁၅)သန်းနဲ့ ခေါ်ယူထားတာဖြစ်ပေမဲ့ လက်ရှိစျေးကွက်တန်ဖိုးကတော့ ယူရို(၂၅)သန်းဝန်းကျင်သာရှိတော့ကြောင်း သိရပါတယ်။