အမေရိကန်နိုင်ငံမှာ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ကစားနိုင်ဖို့ ထပ်မံကြိုးပမ်းသွားမယ်လို့ လာလီဂါဥက္ကဋ္ဌ ပြောကြား

လာလီဂါပြိုင်ပွဲရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဟာဗီယာတီဘက်စ်က အမေရိကန်နိုင်ငံမှာ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ကစားနိုင်ဖို့ ထပ်မံကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

တီဘက်စ်က လာလီဂါပွဲစဉ်တစ်ပွဲကို အမေရိကန်နိုင်ငံမှာ နှစ်စဉ် ယှဉ်ပြိုင်ကစားသွားဖို့ ဆန္ဒရှိနေသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ဒီအစီအစဉ်ဖြစ်မြောက်ဖို့ အတော်လေးနီးစပ်ခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ဗီလာရီးယဲလ်တို့ရဲ့ လာလီဂါပွဲကို အမေရိကန်နိုင်ငံက မိုင်ယာမီမြို့မှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ခဲ့တာဖြစ်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်တို့ကလည်း သဘောတူခွင့်ပြုခဲ့ပြီးဖြစ်ပေမဲ့ ကစားသမားတွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့ တီဘက်စ်က ဒီစိတ်ကူးကို လက်လျှော့မှာ မဟုတ်ကြောင်းနဲ့ ထပ်မံကြိုးပမ်းသွားမှာဖြစ်ကြောင်း လန်ဒန်မှာပြုလုပ်ခဲ့တဲ့ Financial Times Business of Football Summit အခမ်းအနားမှာပြောကြားခဲ့တာပါ။

”ကျွန်တော်တို့ ထပ်ပြီးကြိုးစားသွားမှာပါ။ ဘယ်အချိန်လဲဆိုတာတော့ မသိသေးပါဘူး။ သင့်တော်တဲ့အချိန်မှာ ဖြစ်လာမှာပါ။ ဒါက ပြိုင်ပွဲကို ပျက်စီးစေလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့က တစ်ရာသီမှာ ပွဲပေါင်း(၃၈၀)ထဲက တစ်ပွဲအကြောင်းပဲ ပြောနေတာပါ” လို့ တီဘက်စ်က ပြောကြားခဲ့ပါတယ်။

တီဘက်စ်က အမေရိကန်နိုင်ငံရဲ့ အဓိကအားကစားပြိုင်ပွဲတွေဖြစ်တဲ့ NFL နဲ့ NBA ပွဲတွေကို ဥရောပနိုင်ငံတွေမှာ ယှဉ်ပြိုင်ကစားနေပြီး အောင်မြင်မှုရရှိနေသလို၊ လာလီဂါပွဲစဉ်တွေ ပြည်ပမှာ ယှဉ်ပြိုင်ကစားရင်လည်း အကျိုးအမြတ်များစွာ ဖြစ်ထွန်းလာလိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။