ချန်ပီယံလိဂ် knockout phase play-off အဆင့် ပထမအကျော့မှာ ရီးယဲလ်မက်ဒရစ်ကစားသမား ဗင်နီရှပ်စ်ကို လူမျိုးရေးခွဲခြားမှုစွဲချက်နဲ့
ဘင်ဖီကာကစားသမား ပရက်စတီယန်နီကို ကနဦး တစ်ပွဲ ပိတ်ပင်ခဲ့ပါတယ်။
ပရက်စတီယန်နီကတော့ လူမျိုးရေးခွဲခြားမှုစွဲချက်ကို အစောပိုင်းကတည်းက ငြင်းဆန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့က ကစားခဲ့တဲ့ ယင်းပထမအကျော့ပွဲမှာ ဗင်နီရှပ်စ်က သူ့ကို ပရက်စတီယန်နီကနေ လူမျိုးရေးခွဲခြားတယ်ဆိုပြီး
ဒိုင်လူကြီးကို တိုင်ကြားခဲ့တာဖြစ်တယ်။
အဲဒီဖြစ်စဉ်မှာ ဗင်နီရှပ်စ်နဲ့ အသင်းဖော်တွေ ကွင်းပြင်ထွက်သွားခဲ့လို့ ပွဲကိုလည်း ၁၀ မိနစ်လောက် ရပ်နားခဲ့ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ယင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ လူပုဂ္ဂိုလ်တစ်ဦးကို တာဝန်ပေးပြီးနောက် ပရက်စတီယန်နီကိုလည်း
ကနဦး တစ်ပွဲ ပယ်ခဲ့တာပါ။
ဒါကြောင့် ပရက်စတီယန်နီဟာ ဗုဒ္ဓဟူးနေ့မှာကစားမယ့် ဒုတိယအကျော့ပွဲကို လွဲချော်ရတော့မှာဖြစ်ပါတယ်။