အာဆင်နယ်အသင်းဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ စပါးအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်နိုင်ခြေ (၆%)မြင့်တက်လာခဲ့ကြောင်း Opta Analyst က ခန့်မှန်းခဲ့ပါတယ်။
မြောက်လန်ဒန်ဒါဘီပွဲမတိုင်ခင်က အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခြေကို (၇၆.၆၄%)လို့ ခန့်မှန်းထားခဲ့ပြီး ဒါဘီပွဲအပြီးမှာတော့ (၈၂.၈၄%)လို့ ခန့်မှန်းလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
မန်စီးတီးရဲ့ ချန်ပီယံဖြစ်နိုင်ခြေကတော့ (၂၂.၂၀ %)ကနေ (၁၆.၃၆ %)ကို ကျဆင်းသွားခဲ့ကြောင်း သိရပါတယ်။
မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ အာဆင်နယ်အောက် (၅)မှတ်အကွာမှာ ရပ်တည်နေပေမဲ့ အာဆင်နယ်ထက် တစ်ပွဲလျော့နေပါတယ်။
ဒါ့အပြင် မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့လည်း ရှိနေပါသေးတယ်။
Opta Analystt က အက်စတွန်ဗီလာရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခြေကို (၀.၇၇ %)၊ လီဗာပူးလ်၊ မန်ယူနဲ့ ချယ်လ်ဆီးတို့ရဲ့ ချန်ပီယံဖြစ်နိုင်ခြေကို (၀.၀၁ %)လို့ ခန့်မှန်းထားကြောင်းလည်း သိရပါတယ်။