ဆာလာက အသင်းအတွက် အလွန်အရေးပါတဲ့ကစားသမား ဖြစ်နေဆဲပဲလို့ ဗန်ဒိုက် ပြောကြား

လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က အီဂျစ်တိုက်စစ်ကစားသမား ဆာလာဟာ အသင်းအတွက် အလွန်အရေးပါတဲ့ကစားသမား ဖြစ်နေဆဲပဲလို့ ပြောကြားခဲ့ပါတယ်။

အသက်(၃၃)နှစ်ရှိပြီဖြစ်တဲ့ ဆာလာဟာ ဒီရာသီမှာ ဂိုးသွင်းနှုန်းကျဆင်းခဲ့သလို၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း နည်းပြ အာနယ်ဆလော့နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့တာကြောင့် အသင်းနဲ့ လမ်းခွဲလုနီးပါး ဖြစ်ခဲ့ပါတယ်။

ဆာလာက လီဗာပူးလ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာပဲ လမ်းခွဲနိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲက ပြန်လာပြီးနောက်မှာတော့ လီဗာပူးလ်အသင်းအတွက် ပွဲတိုင်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရနေပြီး (၂)ဂိုးသွင်းယူကာ ဖန်တီးမှု(၄)ကြိမ် ပြုလုပ်ပေးထားကြောင်း သိရပါတယ်။

ဒါ့အပြင် ဆန်းဒါးလန်းနဲ့ပွဲမှာ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု (၉၂)ကြိမ်ရှိသွားခဲ့တာကြောင့် လီဗာပူးလ်ကစားသမားတွေထဲမှာ ပရီးမီးယားလိဂ်ဂိုးဖန်တီးမှုအများဆုံးအဖြစ် စံချိန်တင်ထားတဲ့ ဂျရတ်ကို လိုက်မီသွားခဲ့ကြောင်း သိရပါတယ်။

ဒါကြောင့် ဗန်ဒိုက်က ”မို(ဆာလာ)က ခေါင်းဆောင်တစ်ယောက်အဖြစ် ရှိိနေဆဲဖြစ်ပြီး အသင်းအတွက် အလွန်အရေးပါသူဖြစ်နေတုန်းပါပဲ။ သူက အသင်းကို ဂိုးတွေထက် ပိုတဲ့အရာတွေ အမြဲပေးနေတာပါ။ သူ အသင်းမှာ ဆက်ရှိဖို့ ကျွန်တော် အမြဲတမ်းဆန္ဒရှိပါတယ်။ ကျွန်တော် ပြောနိုင်တာကတော့ သူက ကျွန်တော်တို့အတွက် ဘာမှ ပြောင်းလဲမသွားဘူးဆိုတာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။