အာဆင်နယ်အသင်းနဲ့ လိဂ်ဖလားဖိုင်နယ်မှာ ဂူဟီ ပါဝင်နိုင်ဖို့ ဂွာဒီယိုလာ မျှော်လင့်

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အာဆင်နယ်အသင်းနဲ့ လိဂ်ဖလားဖိုင်နယ်ပွဲမှာ

နောက်ခံလူ ဂူဟီပါဝင်ကစားခွင့်ရအောင် ကြိုးပမ်းသွားဖွယ်ရှိပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းကနေ မန်စီးတီးအသင်းကို ရောက်လာတဲ့ ဂူဟီက

လိဂ်ဖလားကစားခွင့်ရအောင် လိဂ်ဖလားဆီမီးဖိုင်နယ်မတိုင်ခင် မှတ်ပုံတင်ရမှာဖြစ်ပေမယ့်

မလုပ်နိုင်ခဲ့လို့ စည်းမျဉ်းအရ ကစားခွင့်မရပါဘူး။

ဂူဟီမတိုင်ခင် မန်စီးတီးအသင်း ခေါ်ယူခဲ့တဲ့ ဆီမန်ညိုကတော့ လိဂ်ဖလားဆီမီးဖိုင်နယ်မတိုင်ခင် ကစားခွင့်မှတ်ပုံတင်ခဲ့လို့ ကစားခွင့်ရခဲ့ပါတယ်။

ဂွာဒီယိုလာက ငွေကုန်ခံပြီး ခေါ်ယူထားတဲ့ ကစားသမားတစ်ဦးကို သုံးခွင့်မရတာဟာ

အဓိပ္ပာယ်မရှိဘဲ စည်းမျဉ်းတွေပြောင်းလဲသင့်တယ်လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းက မတ်လ (၂၂)ရက်မှာ အာဆင်နယ်အသင်းနဲ့ လိဂ်ဖလားဖိုင်နယ်ကစားရမှာလည်း ဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။