မန်စီးတီးကစားသမားဖြစ်ရတာ အလွန်ဂုဏ်ယူစရာကောင်းတယ်လို့ ဂူဟီ ပြောကြား

ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ပြောင်းရွှေ့လာတဲ့ မက်ဂူဟီက မန်စီးတီးကစားသမားဖြစ်ရတာ အလွန်ဂုဏ်ယူစရာကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်နောက်ခံလူ ဂူဟီ(၂၅ နှစ်)ဟာ မန်စီးတီးအသင်းထံ ကနဦးပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀+Add-ons ကြေးနဲ့ မန်စီးတီးအသင်းကို ရောက်ရှိလာတာဖြစ်တယ်။

၎င်းဟာ မန်စီးတီးအသင်းနဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆေးစစ်မှု ခံယူခဲ့ပြီး ၂၀၃၁ ခုနှစ်အထိ ငါးနှစ်ခွဲသက်တမ်းရှိစာချုပ် လက်မှတ်ရေးထိုးခဲ့တာပါ။

”ကျွန်တော် တကယ်ပျော်ရွှင်မိပါတယ်။ ပြီးတော့

မန်ချက်စတာစီးတီးကစားသမားတစ်ယောက်

ဖြစ်ရတာ အလွန်ဂုဏ်ယူစရာပါပဲ။ ဒီအပြောင်း

အရွှေ့ဟာ ကျွန်တော့်ကစားသမားဘ၀ ကြိုးစားခဲ့မှုအားလုံးရဲ့ အထွတ်အထိပ်လို့ ခံစားမိပါတယ်။ ကျွန်တော်ဟာ အခု အင်္ဂလန်ရဲ့အကောင်းဆုံးကလပ်ကို ရောက်နေပြီး မယုံနိုင်စရာကောင်းတဲ့

ကစားသမားအစုအဖွဲ့ရဲ့ အစိတ်အပိုင်း ဖြစ်နေပါပြီ။ ဒီလိုပြောရတာ တကယ်ကောင်းပါတယ်။

ဘောလုံးကို ကျွန်တော် ချစ်ပါတယ်။ ဒါက ကျွန်တော့်ကို ကာလရှည်ကြာစွာ အမြောက်အမြား ပေးခဲ့တာပါ။ မန်ချက်စတာစီးတီးမှာ ကျွန်တော့်ရဲ့တိုးတက်မှုတွေဟာ ဆက်လက်လုပ်ဆောင်နိုင်ခွင့်ဟာ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် အမှန်တကယ်ထူးခြားတဲ့ အခိုက်အတန့်ပါပဲ။ အခုကစပြီး ကျွန်တော် ပွဲထွက်ကစားဖို့ လုံးဝမစောင့်နိုင်တော့ပါဘူး။ ကျွန်တော့်အသင်းဖော်တွေနဲ့လည်း တွေ့ဆုံချင်တယ်။ ပြီးတော့ လေ့ကျင့်ရေးမှာ ကြိုးစားမယ်။

မန်နေဂျာက ကျွန်တော့်ထံကနေ ဘာတွေမျှော်လင့်သလဲဆိုတာကို နားလည်ပါတယ်။ ပြီးတော့ ကျွန်တော် ဘာလုပ်နိုင်သလဲဆိုတာကို မန်စီးတီးပရိသတ်တွေကို သက်သေပြပါမယ်”လို့ ဂူဟီက ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ နောက်ခံလူတွေဖြစ်တဲ့ ဂယ်ဗာဒီယောလ်၊ ဒီယက်စ်နဲ့ စတုန်းစ်တို့ ဒဏ်ရာပြဿနာရှိနေလို့ ဂူဟီကို အပူတပြင်း ခေါ်ယူခဲ့ရတာပါ။

ဂူဟီနဲ့ မကြာသေးခင်က ခေါ်ယူခဲ့တဲ့ ဆယ်မန်ယိုတို့ဟာ ချန်ပီယံလိဂ် လက်ကျန်ပွဲတွေမှာတော့ ကစားနိုင်မှာ မဟုတ်ပါဘူး။

ဂူဟီအနေနဲ့ လာမယ့်စနေနေ့ ဝုလ်ဗ်နဲ့ ပရီးမီးယား

လိဂ် အိမ်ကွင်းပွဲမှာ အသင်းသစ်အတွက် ပွဲထွက်ကစားဖို့ရှိပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။