မန်ယူအသင်းရဲ့ ယာယီနည်းပြသစ် ကာရစ် အသင်းကို ဒီနေ့ စတင်လေ့ကျင့်ပြင်ဆင်မယ်

မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် ရာသီကုန်အထိ ခန့်အပ်ခံလိုက်ရပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားဟောင်း မိုက်ကယ်ကာရစ်ဟာ အသင်းကို ဒီနေ့ စတင်လေ့ကျင့်ပြင်ဆင်မယ်လို့ သိရပါတယ်။

မန်ယူအသင်းက ကာရစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ကြောင်း မနေ့က အတည်ပြုကြေညာခဲ့တာဖြစ်ပြီး ဘောလုံးဒါရိုက်တာ ဂျေဆင်ဝီလ်ကော့စ်က ”မိုက်ကယ်က ထူးချွန်တဲ့ နည်းပြတစ်ယောက်ပါ။ မန်ယူအသင်းအတွက် နိုင်ပွဲတွေ ရယူပေးနိုင်မှာ သေချာပါတယ်။ ကျွန်တော်တို့ အသင်းကို ဆက်လက်တည်ဆောက်သွားပြီး ပုံမှန်အတိုင်း ရှေ့ဆက်နိုင်အောင် လုပ်ဆောင်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ကာရစ်ကတော့ ”ကစားသမားတွေကို သူတို့ရဲ့ အဆင့်အတန်းရောက်ရှိအောင် ကူညီပေးနိုင်ဖို့ ကျွန်တော် အာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့ တိုက်ပွဲဝင်ဖို့ ရာသီအရှည်ကြီး ကျန်နေပါသေးတယ်။ အားလုံးအတူတကွ ပူးပေါင်းလုပ်ဆောင်သွားဖို့ အသင့်ဖြစ်နေပြီး အသင်းကို သစ္စာရှိစွာအားပေးနေကြတဲ့ ပရိသတ်တွေနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်အောင် ကြိုးစားသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ကာရစ်ဟာ မန်ယူအသင်းမှာ ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ယာယီနည်းပြအဖြစ် (၃)ပွဲ တာဝန်ယူခဲ့ဖူးပါတယ်။

မန်ယူအသင်းက နည်းပြ အာမိုရင်မ်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ် ခန့်အပ်မှုကို လာမယ့်နွေရာသီမှ ပြုလုပ်ဖို့ စီစဉ်ထားပြီး ကာရစ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ တာဝန်ပေးလိုက်တာဖြစ်ပါတယ်။

ကာရစ်ဟာ သူ့ရဲ့နည်းပြအဖွဲ့ဝင်စာရင်းမှာ စတိဗ်ဟော်လန်၊ ဝုဒ်ဂိတ်၊ ဂျွန်နီအီဗန်စ်နဲ့ ထရာဗစ်ဘင်နီယွန်တို့ကို ထည့်သွင်းဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။

မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် ကာရစ် စတင်ရင်ဆိုင်ရမှာက မန်ချက်စတာဒါဘီပွဲဖြစ်ပြီး နောက်ပွဲက အာဆင်နယ်နဲ့ဖြစ်ကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။