လာလီဂါတစ်လတာအကောင်းဆုံးကစားသမားဆုကို ယမားလ် နှစ်လဆက်ဆွတ်ခူး

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်ကစားသမား လာမင်းယမားလ်က လာလီဂါတစ်လတာအကောင်းဆုံးကစားသမားဆုကို နှစ်လဆက် ဆွတ်ခူးခဲ့ပါတယ်။

ယမားလ်ဟာ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ နှစ်လဆက် ရရှိခဲ့တာဖြစ်ပြီး ၂၀၂၄ စက်တင်ဘာလကလည်း ရရှိခဲ့ဖူးလို့ တတိယအကြိမ်မြောက် ဖြစ်ခဲ့တယ်။

၂၀၁၃-၁၄ ရာသီက စတင်ချီးမြှင့်ခဲ့တဲ့ လာလီဂါတစ်တာအကောင်းဆုံးဆုသမိုင်းမှာ ယမားလ်က ဘယ်လင်ဂမ်၊ ဗင်နီစီယပ်၊ လီဝန်ဒေါစကီး၊ အမ်ဘာပေ၊ စီရော်နယ်လ်ဒိုတို့နဲ့အတူ သုံးကြိမ်စီနဲ့ စတုတ္ထအများဆုံးအဖြစ် ရပ်တည်ခဲ့ပါတယ်။

၎င်းဟာ ဒီဇင်ဘာလ အကောင်းဆုံးဆုအတွက် ရီးရဲလ်အသင်းက အမ်ဘာပေအပါအဝင် ကိုကေ(အက်သလက်တီကို)၊ ရာဒူ(ဆယ်လ်တာဗီဂို)နဲ့ ဗယ်လာရာ(အယ်လ်ချီ)တို့ကို ကျော်ဖြတ်ရရှိခဲ့တာပါ။

ယမားလ်အနေနဲ့ ဒီဇင်ဘာလအတွင်း လာလီဂါလေးပွဲမှာ ပွဲချိန် ၃၆၀ မိနစ်အနက် ၃၅၈ မိနစ် ကစားခဲ့ပြီး နှစ်ဂိုးသွင်းကာ အောင်မြင်တဲ့ဖြတ်ကျော်နိုင်မှု ၂၇ ကြိမ်နဲ့ တစ်ပွဲပျမ်းမျှ ခြောက်ကြိမ်ကျော် ရှိခဲ့ပါတယ်။

၎င်းဟာ လာလီဂါယူ-၂၃ အကောင်းဆုံးကစားသမားဆုကိုလည်း သုံးကြိမ်တိုင် ဆွတ်ခူးရရှိခဲ့ဖူးပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။