၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် ဘာစီလိုနာလူငယ်ကြယ်ပွင့် ယာမားလ် သတ်မှတ်ခံရ

ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား ယာမားလ်ဟာ CIES Football Observatory က ထုတ်ပြန်တဲ့ ၂၀၂၆ ခုနှစ်အတွက် ပြောင်းရွှေ့ကြေးတန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရပါတယ်။

CIES Football Observatory ဟာ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် လွတ်လပ်သည့် သုတေသနနှင့် သင်ကြားရေးစင်တာက ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး ကစားသမားရဲ့ စွမ်းဆောင်ရည် (ပွဲကစားရသည့်မိနစ်၊ သွင်း ဂိုး)၊ ကစားသမားရဲ့ အသက်၊ စာချုပ်သက်တမ်း၊ နိုင်ငံတကာပြိုင်ပွဲများမှာ စွမ်းဆောင်မှု၊ ကလပ်အသင်းရဲ့ လိဂ်ပြိုင်ပွဲအဆင့်၊ စျေးကွက်အခြေအနေ စတဲ့ အချက်တွေအပေါ် မူတည်ပြီး ကမ္ဘာတစ်ဝန်း ပြောင်းရွှေ့ကြေး တန်ဖိုးအမြင့်ဆုံး ကစားသမား ၁၀၀ စာရင်းကို ထုတ်ပြန်ထားတာပါ။

အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ဘာစီလိုနာအသင်းနဲ့ စပိန်လက်ရွေးစင် တောင်ပံကစားသမား ယာမားလ်က ပြောင်းရွှေ့ကြေးတန်ဖိုး ယူရို ၃၄၃ ဒသမ ၁ သန်း သတ်မှတ်ခံရပြီး ယခုစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ယမားလ်ရဲ့နောက်မှာ မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းက ယူရို ၂၅၅ ဒသမ ၁ သန်းနဲ့ ဒုတိယ၊ ရီးယဲလ်အသင်းတိုက်စစ်မှူး အမ်ဘာပေက ယူရို ၂၀၁ ဒသမ ၃ သန်းနဲ့ တတိယနေရာ ရပ်တည်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီမှာ ထိပ်ဆုံးနေရာရပ်တည်နိုင်ခဲ့တဲ့ ရီးယဲလ်အသင်းကွင်းလယ်လူ ဘယ်လင်ဂမ်မှာ ယူရို ၁၅၃ ဒသမ ၁ သန်းနဲ့ စတုတ္ထနေရာ ရောက်ရှိသွားပါတယ်။

၂၀၂၅ ခုနှစ်အတွက် Ballon d’Or နဲ့ FIFA The Best အကောင်းဆုံးကစားသမားဆု ဆွတ်ခူးရရှိခဲ့တဲ့ PSG အသင်းရဲ့ ပြင်သစ်လက်ရွေးစင် တောင်ပံကစားသမား ဒမ်ဘီလီမှာမူ ယခု ထုတ်ပြန်တဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးအမြင့်ဆုံး ထိပ်ဆုံး ၁၀၀ ဦးစာရင်းမှာ အံ့အားသင့်ဖွယ် ပါဝင်ခြင်းမရှိကြောင်း သိရသည်။

ပြောင်းရွှေ့ကြေးတန်ဖိုး အမြင့်ဆုံး ၁၀ ဦး

အမည် အသင်း တန်ဖိုး(ယူရို)

ယာမားလ် ဘာစီလိုနာ ၃၄၃.၁ သန်း

ဟာလန်း မန်စီးတီး ၂၅၅.၁ သန်း

အမ်ဘာပေ ရီးယဲလ် ၂၀၁.၃ သန်း

ဘယ်လင်ဂမ် ရီးယဲလ် ၁၅၃.၁ သန်း

အိုလီဆေး ဘိုင်ယန်မြူးနစ် ၁၃၆.၉ သန်း

ဗက်ဇ် လီဗာပူးလ် ၁၃၅.၈ သန်း

ဒူအေ PSG ၁၃၄.၆ သန်း

နယ်ဗက်စ် PSG ၁၃၀.၆ သန်း

ဂူလာ ရီးယဲလ် ၁၃၀.၃ သန်း

ပတ်ဒရီ ဘာစီလိုနာ ၁၃၀.၀ သန်း

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။