အာဆင်နယ်ရဲ့ ဒီနေ့ကစားပုံကတော့ တကယ့်ကို ချန်ပီယံအသင်းတသင်းလိုပါပဲ ။ အက်စတွန်ဗီလာဆိုတာ ပြိုင်ပွဲစုံမှာ ဆယ်ပွဲဆက်အနိုင်ကစားထားပြီး စိတ်ဓါတ်တက်ကြွနေတဲ့အသင်းပါ ။ ဒီလိုအသင်းမျိုးကို ၄-၁ နဲ့ ဂိုးပြတ်အနိုင်ကစားခဲ့တာက တကယ်ကို ချီးကျူးဖို့ထိုက်တန်နေပါတယ် ။ အသင်းရဲ့ အဓိကကွင်းလယ်လူ ဒီကလန်ရိုက်စ်တောင် မပါခဲ့ပါဘူး ။ အာဆင်နယ်တို့ ရာသီဝက်ချန်ပီယံလည်း ဖြစ်လာခဲ့ပါပြီ ။