ဆယ်မီညိုအတွက် မန်စီးတီးနဲ့ ဘုန်းမောက် ဒီတစ်ပတ်အတွင်း ဆွေးနွေးမယ်

မန်စီးတီးနဲ့ ဘုန်းမောက်အသင်းတို့ဟာ ဆယ်မီညိုရဲ့အပြောင်းအရွှေ့အတွက် ဒီတစ်ပတ်အတွင်း ဆွေးနွေးမယ်လို့ သိရပါတယ်။

ဘုန်းမောက်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဂါနာလက်ရွေးစင် တောင်ပံကစားသမား ဆယ်မီညိုကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းများစွာက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဇန်နဝါရီမှာ အပြိုင်ကမ်းလှမ်းဖွယ်ရှိကြောင်း သတင်းထွက်နေပါတယ်။

ဆယ်မီညို(၂၅ နှစ်)ဟာ ဘုန်းမောက်အသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ လာမယ့်ဇန်နဝါရီလမှာ ပေါင်(၆၅)သန်းနဲ့ ထွက်ခွာခွင့်ရရှိမယ့် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုထားကြောင်း သိရပါတယ်။

ဒါပေမဲ့ အဲဒီလျော်ကြေးစာချုပ်က ဇန်နဝါရီ(၁၀)ရက်အထိသာ အကျုံးဝင်မှာဖြစ်တာကြောင့် ခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ ဇန်နဝါရီ(၁)ရက်ကနေ (၁၀)ရက်အတွင်းသာ အဲဒီတန်ဖိုးနဲ့ ခေါ်ယူနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ ဆယ်မီညိုကို ခေါ်ယူဖို့ မန်စီးတီးနဲ့အတူ မန်ယူ၊ လီဗာပူးလ်၊ စပါးနဲ့ ချယ်လ်ဆီးတို့ကလည်း စိတ်ဝင်စားနေပေမဲ့ ဆယ်မီညိုက မန်စီးတီးမှာ ပြောင်းရွှေ့ကစားလိုကြောင်း ဖွင့်ဟထားတာကြောင့် မန်စီးတီးအသင်းက ဇန်နဝါရီစျေးကွက်မဖွင့်ခင် ဘုန်းမောက်အသင်းနဲ့ ဆွေးနွေးခွင့်ရမှာဖြစ်ကြောင်း သိရပါတယ်။

ဘုန်းမောက်နည်းပြ အိုင်ရာအိုလာကတော့ အသင်းအတွက် အလွန်အရေးပါတဲ့ ဆယ်မီညိုကို အသင်းက ထွက်ခွာသွားစေလိုခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။