အားလပ်ရက်မှာ ဘောလုံးအကြောင်း မေ့ထားပြီး မိသားစုအတွက်သာ အချိန်ပေးဖို့ ကစားသမားတွေကို ဂွါဒီယိုလာ တိုက်တွန်း

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ကစားသမားတွေအနေနဲ့ အားလပ်ရက်မှာ ဘောလုံးအကြောင်း မေ့ထားပြီး မိသားစုအတွက်သာ အချိန်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

မန်စီးတီးအသင်းဟာ အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး ဒီဇင်ဘာ(၂၇)မှာ နော်တင်ဟမ်ဖောရက်စ်နဲ့ ယှဉ်ပြိုင်ကစားရမှာပါ။

ဒါကြောင့် မန်စီးတီးကစားသမားတွေအနေနဲ့ ခရစ္စမတ်ကာလမှာ အားလပ်ရက်(၃)ရက်သာရရှိပြီး ခရစ္စမတ်နေ့မှာ အသင်းနဲ့ ပြန်လည်ပူးပေါင်းကာ လေ့ကျင့်မှုပြုလုပ်ရမှာဖြစ်ကြောင်း သိရပါတယ်။

မန်စီးတီးအသင်းဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ပြီးရင် ဇန်နဝါရီလအတွင်း ပွဲစဉ်(၁၀)ပွဲ ဆက်တိုက်ယှဉ်ပြိုင်သွားရမှာဖြစ်ပေမဲ့ ကစားသမားတွေအနေနဲ့ အားလပ်ရက်မှာ ဒီအကြောင်းမေ့ထားပြီး မိသားစုကိုသာ အာရုံစိုက်ဖို့ တိုက်တွန်းခဲ့တာပါ။

”လာမယ့်ရက်သတ္တပတ်က အားလပ်ရက်တွေပါ။ ကျွန်တော် သူတို့ကို မတွေ့ချင်ပါဘူး။ အားလပ်ရက်မှာ မိသားစုနဲ့ အတူရှိပါ။ ရှန်ပိန်သောက်ပါ။ ကျွန်တော်လည်း မနက်ဖြန် ဘာစီလိုနာကို သွားမှာပါ။ အဲဒီကို သွားဖို့ ခင်ဗျားကိုလည်း အကြံပြုချင်ပါတယ်။ အဲဒီက အစားအစာတွေက ထိပ်တန်းပါပဲ” လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာက အခုလို တိုက်တွန်းခဲ့ပေမဲ့ ကစားသမားတွေရဲ့ ကိုယ်အလေးချိန်ကို တိုင်းတာသွားမှာဖြစ်ပြီး (၃)ကီလိုထက် ပိုတိုးလာသူတွေကို နော်တင်ဟမ်နဲ့ပွဲအတွက် ခေါ်သွားမှာမဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။