ဘွန်ဒစ်လီဂါသမိုင်းမှာ ဂိုးပါဝင်ပတ်သက်မှု(၁၀၀) အမြန်ဆုံးပြည့်မြောက်တဲ့ကစားသမားအဖြစ် ဟာရီကိန်း မှတ်တမ်းဝင်

ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့သမိုင်းမှာ ဂိုးပါဝင်ပတ်သက်မှု(၁၀၀) အမြန်ဆုံးပြည့်မြောက်တဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ဟာရီကိန်းဟာ တနင်္ဂနွေနေ့က ဟိုုင်းဟိုင်အသင်းကို (၄-၀)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဒီမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ဘွန်ဒစ်လီဂါမှာ (၈၁)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၉)ကြိမ်ကို (၇၈)ပွဲကစားပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့် (၁၁၉)ပွဲကစားပြီး ဂိုးပါဝင်ပတ်သက်မှု(၁၀၀)ပြည့်မြောက်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကစားသမားဟောင်း ရော်ဘင်ရဲ့ စံချိန်ကို ချိုးဖျက်ပြီး မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ဟိုင်းဟိုင်နဲ့ပွဲက ဟာရီကိန်းအတွက် ၂၀၂၅ အတွင်း ယှဉ်ပြိုင်ကစားရတဲ့နောက်ဆုံးပွဲဖြစ်ပြီး ကလပ်နဲ့ လက်ရွေးစင် နှစ်သင်းပေါင်း ဂိုး(၆၀)သွင်းယူနိုင်တဲ့နှစ်လည်း ဖြစ်ခဲ့ပါတယ်။

ဘွန်ဒစ်လီဂါပြိုင်ပွဲကလည်း ပွဲစဉ်(၁၅)အပြီးမှာ ဆောင်းရာသီအနားပေးလိုက်ပြီဖြစ်ပြီး ပွဲစဉ်(၁၆)ကို ဇန်နဝါရီ(၉)ရက်မှ ပြန်လည်စတင်မှာဖြစ်တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဘွန်ဒစ်လီဂါမှာ ၂၀၂၅ ခုနှစ်အတွင်း အဝေးကွင်းရှုံးပွဲမရှိအောင် ဖြတ်သန်းနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

၁၉၈၆ နဲ့ ၂၀၁၃ ခုနှစ်တွေမှာလည်း အဝေးကွင်းရှုံးပွဲမရှိရလဒ် ရရှိခဲ့ဖူးတာကြောင့် ဒါဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် တတိယမြောက် စွမ်းဆောင်နိုင်တဲ့နှစ် ဖြစ်ကြောင်းလည်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။