အာဆင်နယ်က မထွက်လိုသေးဘူးလို့ ဂျေးဇူး ပြောကြား

အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူးက အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေပေမဲ့ အသင်းက မထွက်လိုသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

ဂျေးဇူး(၂၈ နှစ်)ဟာ ၂၀၂၂ နွေရာသီမှာ မန်စီးတီးကနေ အာဆင်နယ်အသင်းကို ပေါင်(၄၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။

ဂျေးဇူးဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ(၉၈)ပွဲကစားကာ (၂၆)ဂိုး သွင်းယူပေးထားပြီး ၂၀၂၅ ခုနှစ်အတွင်းမှာတော့ ဒဏ်ရာပြဿနာကြောင့် တစ်နှစ်လုံးနီးပါး အနားယူနေခဲ့ရပါတယ်။

ဒါကြောင့် အာဆင်နယ်အသင်းက ရောင်းထုတ်ချင်နေသလို၊ အသင်းဟောင်းဖြစ်တဲ့ ဘရာဇီးလ်ကလပ် ပါးလ်မီးရပ်စ်အသင်းက ပြန်လည်ခေါ်ယူဖို့ လိုလားနေကြောင်းလည်း သတင်းထွက်နေပါတယ်။

ဒါပေမဲ့ ဂျေးဇူးက ”အာဆင်နယ်အသင်းမှာ ကျွန်တော့်အလုပ် မပြီးပြတ်သေးဘူးလို့ ခံစားရပါတယ်။ ဒါကြောင့် ကျွန်တော် မထွက်ချင်သေးပါဘူး။ လူတွေက မေးနေကြပါတယ်။ ဘာကြောင့် မထွက်တာလဲ။ ဘာကြောင့် ဆော်ဒီကို မသွားတာလဲ။ ဘာကြောင့် ဘရာဇီးလ်ကို မပြန်တာလဲလို့။ တစ်နေ့မှာတော့ ပါးလ်မီးရီးယပ်စ်ကို ချစ်တဲ့အကြောင်း ကျွန်တော် ပြသသွားမှာပါ။ ဒီနေ့တော့ မဟုတ်သေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။