၁၆ ကြိမ်မြောက် Globe Soccer Awards ဆုပေးပွဲကို ဒီဇင်ဘာ ၂၈ မှာ ပြုလုပ်မယ်

ဘောလုံးလောကရဲ့ ထင်ရှားကျော်ကြားတဲ့ ဆုပေးပွဲတစ်ခုဖြစ်တဲ့ Globe Soccer Awards ကို ဒီဇင်ဘာ ၂၈ မှာ ကျင်းပပြုလုပ်မယ်လို သိရပါတယ်။

ဒီဆုပေးပွဲက နာမည်ကျော် စူပါအေးဂျင့် ဂျော့ချ်မန်ဒက်စ်ရဲ့ ဦးဆောင်မှုနဲ့ ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး ၂၀၁၀ ခုနှစ်ကတည်းက နှစ်စဥ်ကျင်းပလာခဲ့တာပါ။

Globe Soccer Awards ဆုပေးပွဲမှာ အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးအားကစားဒါရိုက်တာဆု၊ အကောင်းဆုံးအေးဂျင့်ဆု၊ အကောင်းဆုံးကလပ်အသင်းဆု စသဖြင့် ဆုအမျိုးအစားများစွာ ချီးမြှင့်လေ့ရှိပြီး ၂၀၂၅ ခုနှစ်အတွက်တော့ ၁၁ မျိုး ချီးမြှင့်သွားမယ်လို သိရပါတယ်။

အဲဒီဆုတွေအတွက် ဆန်ခါတင်စာရင်းကိုလည်း ဒီနေ့ ထုတ်ပြန်ပေးခဲ့ပြီး ပရိသတ်တွေအနေနဲ့ Globe Soccer ဝက်ဘ်ဆိုက်မှာ ဝင်ရောက်မဲပေးနိုင်ကြောင်း သိရပါတယ်။

Globe Soccer Awards ဆုပေးပွဲမှာ အကောင်းဆုံးကစားသမားဆုကို အကြိမ်အများဆုံးရရှိထားသူက စီရော်နယ်လ်ဒိုဖြစ်ပြီး ဒီနှစ်အတွက်တော့ အရှေ့အလယ်ပိုင်းဒေသအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းထဲမှာ ပါဝင်နေပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။