ဟာလန်းနဲ့ ထပ်ပြီးလက်တွဲခွင့်ရချင်တယ်လို ဆိုးလ်ရှား ပြောကြား

ဟာလန်းနဲ့ ထပ်ပြီးလက်တွဲခွင့်ရချင်တယ်လို့ ဆိုးလ်ရှား ပြောကြား

မန်ယူအသင်းရဲ့ ကစားသမားဟောင်းနဲ့ နည်းပြဟောင်းဖြစ်တဲ့ ဆိုးလ်ရှားက မန်စီးတီးတိုက်စစ်မှူး ဟာလန်းနဲ့ ထပ်ပြီးလက်တွဲခွင့်ရချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားဟာ မိုလ်ဒီအသင်းကို ကိုင်တွယ်စဉ်က ဟာလန်းနဲ့ လက်တွဲခဲ့ဖူးတာကြောင့် အခုလိုပြောခဲ့တာဖြစ်ပြီး နော်ဝေလက်ရွေးစင်အသင်းရဲ့နည်းပြရာထူးကို ချိန်ရွယ်နေကြောင်း ဝန်ခံလိုက်ခြင်းလည်းဖြစ်ပါတယ်။

အသက်(၅၂)နှစ်ရှိပြီဖြစ်တဲ့ ဆိုးလ်ရှားဟာ မိုလ်ဒီ၊ ကာဒစ်ဖ်၊ မန်ယူနဲ့ ဘက်ဆစ်တက်အသင်းတွေကို ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လမှာ ဘက်ဆစ်တက်နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရတာကြောင့် လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပါတယ်။

နော်ဝေလက်ရွေးစင်အသင်းဟာ ဆိုလ်ဘက်ကန်ကို နည်းပြအဖြစ် ခန့်အပ်ထားပေမဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်ရင် အပြောင်းအလဲလုပ်ဖွယ်ရှိကြောင်း သတင်းထွက်နေပါတယ်။

”ကျွန်တော်တို့မှာ နည်းပြကောင်းတစ်ယောက်ရှိနေပြီး ကမ္ဘာ့ဖလားလမ်းကြောင်းပေါ်မှာလည်း ရှိနေပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူ(ဆိုလ်ဘက်ကန်)က စာချုပ်သစ် မချုပ်တော့ဘူးဆိုရင်ကော။ အာလင်း(ဟာလန်း)နဲ့ ထပ်ပြီးအလုပ်လုပ်ဖို့ ဘယ်သူ မလိုချင်ဘဲ ရှိမှာလဲ” လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။