ရီးယဲလ်အသင်းမှာ နှစ်များစွာဆက်ရှိပြီးဆုဖလားတွေ ရချင်တယ်လို အမ်ဘာပေ ပြောကြား

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေက အသင်းမှာ နှစ်များစွာဆက်ရှိပြီး ဆုဖလားတွေ
ရချင်တယ်လို ပြောကြားခဲ့ပါတယ်။

၎င်းဟာ ၂၀၂၄-၂၅ ဘောလုံးရာသီ ဥရောပရွှေဖိနပ်ဆုကို လက်ခံရယူအပြီးမှာ အခုလို ပြောခဲ့တာ
ဖြစ်တယ်။

အမ်ဘာပေအနေနဲ့ ပြီးခဲ့တဲ့ရာသီက လာလီဂါမှာ
၃၁ ဂိုး သွင်းယူခဲ့ပြီး ဒီဆုကို ဆွတ်ခူးခဲ့တာပါ။

ဒါ့အပြင် ကစားသမားဘဝမှာ ဒီဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာလည်းဖြစ်တယ်။

”ရွှေဖိနပ်ဆုကို ဆွတ်ခူးရရှိတာဟာ ကျွန်တော့်အဖို သာယာကြည်နူးစရာပါပဲ။ ကျွန်တော့်အဖို အရေးပါတဲ့ အခိုက်အတန့်ပါ။ ဒီဆုကို ကျွန်တော် ပထမဆုံးအကြိမ် ရရှိတာပါ။ ဒါက ရှေ့လျှောက် အဓိပ္ပာယ်များစွာ ရှိပါတယ်”လို အမ်ဘာပေက ပြောခဲ့ပါတယ်။

ဘာနေဗျူးမှာကျင်းပခဲ့တဲ့ ဆုပေးပွဲအခမ်းအနားကို ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်၊ နည်းပြ အလွန်ဆိုနဲ့ ကစားသမားတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။