ရိုဒရီ ဘောလုံးပြန်ကစားနိုင်မယ့်အချိန်ကိုဂွါဒီယိုလာ သေချာမပြောနိုင်

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ကွင်းလယ်လူ ရိုဒရီကို ဘောလုံးပြန်ကစားနိုင်မယ့်အချိန်ကို သေချာမသိဘူးလို ပြောခဲ့ပါတယ်။

ရိုဒရီ(၂၉ နှစ်)ဟာ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် ဘရန့်ဖိုဒ်နဲ့ပွဲမှာ တံကောက်ကြောအနည်းငယ်နာကျင်လို ၂၂ မိနစ်မှာပဲ လူစားလဲခံခဲ့ရပါတယ်။

၂၀၂၄ Ballon d’Or ဆုရှင် ရိုဒရီဟာ ပြီးခဲ့တဲ့
ရာသီက ဒူးအရွတ်ဒဏ်ရာရခဲ့လို ကာလအတန်ကြာ အနားယူခဲ့ရပါတယ်။

ရိုဒရီဟာ အခုရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ခုနစ်ပွဲ ကစားပေးခဲ့ပါတယ်။

ဒါပေမဲ့ ပွဲချိန် မိနစ် ၉၀ ပြည့်ကစားနိုင်တဲ့
ပွဲအရေအတွက်က နှစ်ပွဲသာ ရှိခဲ့တာပါ။

ဂွါဒီယိုလာက မန်စီးတီးအသင်းမှာ ကိုဗာချစ် ပြန်လည်ကစားနိုင်တော့မှာဖြစ်ပြီး မာမွတ်ရှ်နဲ့ နူရီ
တိုကတော့ အသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို ပြောခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။