အဲဗာတန်အသင်းနဲ့ နှစ်ရှည်သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ပစ်ဖိုဒ် သဘောတူညီမှုရရှိ

အဲဗာတန်အသင်းနဲ့ နှစ်ရှည်သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ပစ်ဖို့ဒ် သဘောတူညီမှုရရှိ

အဲဗာတန်အသင်းရဲ့ အင်္ဂလန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ဟာ နှစ်ရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ပစ်ဖို့ဒ်(၃၁ နှစ်)ရဲ့ လက်ရှိစာချုပ်က ၂၀၂၇ မှာ ကုန်ဆုံးမှာဖြစ်ပြီး ကလပ်အသင်းမှာရော လက်ရွေးစင်အသင်းမှာပါ နံပါတ်(၁)ဂိုးသမားအဖြစ် လက်စွမ်းပြနေသူဖြစ်တာကြောင့် အဲဗာတန်အသင်းက ကာလရှည်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ပစ်ဖို့ဒ်ဟာ ၂၀၁၇ နွေရာသီမှာ ဗြိတိန်ဂိုးသမားတွေထဲ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း(၃၀)နဲ့ ဆန်းဒါးလန်းကနေ အဲဗာတန်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၃၀၀)ကျော်ကစားပေးထားပါတယ်။

ပစ်ဖို့ဒ်ဟာ ပြီးခဲ့့တဲ့ရက်ပိုင်းအတွင်း အင်္ဂလန်အသင်းအတွက် (၈)ပွဲဆက်တိုက် ဂိုးမပေးရအောင် စွမ်းဆောင်ပေးနိုင်တဲ့ ပထမဆုံးဂိုးသမားအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။

အဲဗာတန်အသင်းက ပစ်ဖို့ဒ်ကို လက်ရွေးစင်အသင်းက ပြန်လာချိန်မှာ စာချုပ်သစ်အတွက် လက်မှတ်ထိုးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။