အသင်းပိုင်ရှင်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ ပိုစတီကိုဂလူး မျှော်လင့်

အသင်းပိုင်ရှင်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ ပိုစတီကိုဂလူး မျှော်လင့်

နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့နည်းပြ ပိုစတီကိုဂလူးဟာ အသင်းပိုင်ရှင် မာရီနာကစ်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။

မာရီနာကစ်ဟာ အသင်းကို အကောင်းဆုံးတည်ဆောက်ပေးထားတဲ့ နည်းပြ နူနိုဆန်တိုကို ဆက်ဆံရေးအဆင်မပြေမှုကြောင့် ရာထူးက ထုတ်ပယ်ခဲ့ပြီး စပါးနည်းပြဟောင်း ပိုစတီကိုဂလူးကို အစားထိုးခန့်အပ်ခဲ့တာပါ။

ဒါပေမဲ့ ပိုစတီကိုဂလူးလက်ထက်မှာ ပြိုင်ပွဲစုံ(၇)ပွဲစလုံး နိုင်ပွဲပျောက်ခဲ့ပြီး နောက်ဆုံး(၃)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာကြောင့် ပိုစတီကိုဂလူးကို ရာထူးက ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ၊ လှောင်ပြောင်မှုတွေ ရှိနေပါတယ်။

ဒါကြောင့် ပိုစတီကိုဂလူူးက မာရီနာကစ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိနေတာဖြစ်ပြီး သူ့အနေနဲ့ တိုက်ပွဲဝင်ရတာကို နှစ်သက်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

”ကျွန်တော် အသင်းပိုင်ရှင်နဲ့ရော ဒီအသင်းမှာရှိတဲ့သူ အားလုံးနဲ့ရော ဆွေးနွေးမှုပြုလုပ်ဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ ဘယ်နေရာရောက်နေတယ်၊ ဘာတွေလုပ်ဖို့ လိုအပ်နေတယ်ဆိုတာကို အဖြေရှာရမှာပါ။ ကျွန်တော် ဒီအသင်းကို ကိုင်တွယ်ကတည်းက ကြီးမားတဲ့စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သိထားပါတယ်။ ဒီလို တိုက်ပွဲဝင်ရတာကို ကျွန်တော် နှစ်သက်ပြီး ယုံကြည်မှုလည်း ရှိပါတယ်” လို့ ပိုစတီကိုဂလူးက ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။