တိုက်စစ်မှူး ဟာရီကိန်းကို သက်တမ်းတိုးဖို့ ဘိုင်ယန် ကြိုးပမ်းမယ်

တိုက်စစ်မှူး ဟာရီကိန်းကို သက်တမ်းတိုးဖို့ ဘိုင်ယန် ကြိုးပမ်းမယ်

ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်စစ်မှူး ဟာရီကိန်းကို စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ဘိုင်ယန်အားကစားဒါရိုက်တာ မက်အယ်ဘယ်လ်ကလည်း စာချုပ်သက်တမ်းတိုးမယ့်ကိစ္စအတွက် ဟာရီကိန်းနဲ့ ဆွေးနွေးမယ်လို့ ပြောကြားခဲ့ပါတယ်။

ဟာရီကိန်း(၃၂ နှစ်)ဟာ ဘိုင်ယန်အသင်းနဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတာပါ။

ဒါပေမဲ့ စာချုပ်မှာ လျော်ကြေးပမာဏ ထည့်သွင်းထားပြီး ရာသီကုန်မှာ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိတယ်လို့လည်း သတင်းထွက်နေပါတယ်။

ဟာရီကိန်းဟာ ပြီးခဲ့တဲ့အပတ်က ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံ ၁၀၄ ပွဲမှာ ဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီး ဥရောပထိပ်တန်းလိဂ် ငါးခုမှာ ကလပ်တစ်သင်းတည်းအတွက် ပွဲအနည်းဆုံးကစားကာ ဂိုး ၁၀၀ အမြန်ဆုံးပြည့်သူ ဖြစ်လာခဲ့တယ်။

ရာသီအဖွင့်မှာလည်း ဟာရီကိန်းက ဂိုးသွင်းခြေစွမ်းပြနေပြီး အကောင်းဆုံးပုံစံ ရရှိနေပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။