စီရော်နယ်လ်ဒို ကစားသမားဘ၀ သွင်းဂိုးပေါင်း ၉၄၅ ဂိုးရှိလာ

အယ်လ်နာဆာအသင်းက ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ အယ်လ်ရီယာ့ဒ်ကို ၅-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ နှစ်ဂိုးထပ်သွင်းပြီး ကစားသမားဘ၀ သွင်းဂိုးပေါင်း ၉၄၅ ဂိုး ရှိလာခဲ့ပါတယ်။

ဒါကြောင့် သူ့ရဲ့ဂိုး ၁၀၀၀ ပစ်မှတ်အတွက် ၅၅ ဂိုးသာလိုတော့တဲ့ အနေအထားကို ရောက်လာခဲ့
ပါတယ်။

၎င်းဟာ အခုရာသီ ဆော်ဒီလိဂ် သုံးပွဲကစားရာမှာ သုံးဂိုး သွင်းယူထားတာပါ။

စီရော်နယ်လ်ဒိုအနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း
အယ်လ်နာဆာနဲ့ ပေါ်တူဂီအသင်းအတွက် ၂၉ ဂိုးအထိ သွင်းယူခဲ့ပါတယ်။

၎င်းက သုံးပွဲကစား သုံးပွဲ အနိုင်ရခဲ့ပေမဲ့ အခုထက် ပိုအလိုရှိတယ်လို သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အယ်လ်နာဆာအသင်းအတွက် အခြားဂိုးသုံးဂိုးကို ဂျော်အိုဖေးလစ်က နှစ်ဂိုး၊ ကိုးမန်းက တစ်ဂိုး
သွင်းခဲ့ပါတယ်။

ဂျော်အိုဖေးလစ်ဟာ အခုရာသီ လိဂ်ပွဲ သုံးပွဲမှာ
ငါးဂိုးအထိ သွင်းယူထားပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။