ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်ရှုးပြီးနောက်ချယ်လ်ဆီးရဲ့အမှားမခံတဲ့ ချန်ပီယံလိဂ်ခရီး

ချယ်လ်ဆီးရဲ့တစ်ကျော့ပြန်ချန်ပီယံလိဂ်တိုက်ပွဲက ပန်းခင်းလမ်းမဟုတ်ပါဘူး။

လက်ရှိရာသီချန်ပီယံလိဂ်မှာ ချယ်လ်ဆီး ပထမဆုံးရင်ဆိုင်ရတာ အစဉ်အလာကြီးတဲ့ဘိုင်ယန်မြူးနစ်ဖြစ်ပြီး ခက်ခဲမယ်လို့ထင်ထားတဲ့အတိုင်း ဂိုးပြတ်ရှုံးခဲ့တယ်။

ဘိုင်ယန်မြူးနစ်က ချယ်လ်ဆီးကို သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ဘိုင်ယန်မြူးနစ်ကချယ်လ်ဆီးနောက်ခံလူ ချာလိုဘာOwn Goal သွင်းတာကနေ အဖွင့်ဂိုးရခဲ့တာပါ။ နောက်ထပ်နှစ်ဂိုးကိုဟာရီကိန်းက သွင်းယူပြီးချယ်လ်ဆီးအတွက် ချေပဂိုးတစ်ဂိုးကို ပါလ်မာသွင်းယူပေးခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့အိမ်ကွင်းဟာချယ်လ်ဆီးအတွက် အမှတ်ရစရာ အကောင်းဆုံး ရပ်ဝန်းဖြစ်ဖူးတယ်။ ချယ်လ်ဆီးဟာ ၂၀၁၂ ခုနှစ်ချန်ပီယံ ဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ် ကိုအနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားကို ပထမဆုံးသိမ်းပိုက်ဖူးတယ်။ အခုတစ်ခါတော့ အရှုံးသာရင်ဝယ်ပိုက်ခဲ့ရပါတယ်။

ချယ်လ်ဆီးက ဘာစီလိုနာ၊ နာပိုလီ၊ အတ္တလန်တာတို့လို အသင်းတွေနဲ့ဆုံရမှာကလည်း မလွယ်ကူတဲ့အခြေအနေပါ။ ဘာစီလိုနာက ချနိပီယံလိဂ်မှာအောင်မြင်မှုပြန်ယူချင်နေပြီး ယမားလ်ရဲ့ထိပ်တန်းအဆင့်ပြိုင်ပွဲတွေမှာ ပြသတဲ့ပေါက်ကွဲအားကြောင့် ချယ်လ်ဆီးကျော်ဖြတ်ရခက်နိုင်တယ်။

နာပိုလီနဲ့အတ္တလန်တာကချယ်လ်ဆီးအတွက်ဖျက်မြင်းထက်ပိုတဲ့အဆင့်ပါ။ အထူးသဖြင့် ဒီဘရိုင်းနား၊တွမ်မီနေး ဟွိုင်လန်းတို့လို ပရီးမီးယားလိဂ်ကစားသမားဟောင်းတွေရှိနေတာ ချယ်လ်ဆီးအတွက် သတိထားရမယ့်အခြေအနေမျိုးပါ။

ဘယ်လိုပဲဖြစ်ဖြစ် League Phase ကနေ နောက်တစ်ဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရအောင် ချယ်လ်ဆီးသတိထား ကစားရပါတော့မယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။