ချန်ပီယံလိဂ်ဘုရင်ကိုကျော်ဖြတ်ပြီး ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းရဲ့ချန်ပီယံလိဂ်အောင်ပွဲမျှော်လင့်ချက်က ပိုပြီးအားကောင်းလာပြီ။

၂၀၂၅-၂၆ ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်နိုင်တဲ့အလားအလာအရှိဆုံးအသင်းတွေထဲမှာ အာဆင်နယ် ပါဝင်နေတယ်။ Opta ရဲ့နောက်ဆုံးခန့်မှန်းချက်အရ အာဆင်နယ်ရဲ့ချန်ပီယံဖြစ်နိုင်ခြေက ၁၆ ရာခိုင်နှုန်းအထိမြင့်တက်လာပါတယ်။

လီဗာပူးလ် ၂၀ ရာခိုင်နှုန်းပြီးရင် အာဆင်နယ်က လက်ရှိရာသီချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့အလားအလာအကောင်းဆုံးဖြစ်နေတာပါ။

အာဆင်နယ်က လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ အရင်ကထက်သန်မာတဲ့ဟန်ပြသနေတယ်။

ယိုကယ်ရက်စ်၊ ဇူဘီ်မန်ဒီ၊ မာဒူအေကေ၊ အက်ဇီးစတဲ့ကစားသမားတွေအစွမ်းပြနေတယ်။
အာတီတာရဲ့အဓိကရည်မှန်းချက်က ချန်ပီယံလိဂ်ဖလားလိုချင်တာပါ။ ပရီးမီးယားလိဂ်ထက်ချန်ပီယံလိဂ်ကိုပိုလိုချင်နေတာသိသာပါတယ်။ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ PSG ကို အညံ့ခံရပြီး ထွက်ခဲ့ရတာကို မမေ့နိုင်သေးဘူး။

ချန်ပီယံလိဂ်ဖလားနဲ့အတူ အာဆင်နယ်အသင်းသမိုင်းကို အာတီတာပြောင်းလဲချင်နေတာပါ။ အဲဒီလိုသမိုင်းသစ်ရေးထိုးနိုင်အောင် အာဆင်နယ်ကစားသမားတွေကို လှုံ့ဆော်ပေးထားတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကျရှုံးနေတာဟာ အာဆင်နယ်ရဲ့သမိုင်းဝင်အမည်းစက်၊ ဂန္ထဝင်ဖိအားလို ဖြစ်နေပါတယ်။အာဆင်နယ်အသင်းဟာ အမှတ်ပေးချန်ပီယံ ၁၃ ကြိမ် ဖြစ်ခဲ့ပေမဲ့ ချန်ပီယံလိဂ်ဖလားကို တစ်ကြိမ်မှ မရသေးပါဘူး။

၂၀၀၅-၀၆ ရာသီက အမြင့်ဆုံး ဒုတိယတစ်ကြိမ်သာ ရခဲ့ဖူးပြီး အခု အဲဒီသမိုင်းကို အာတီတာ ပြောင်းလဲချင်နေပြီ။

ချန်ပီယံဆုအတွက် အရေးကြီးတဲ့အချက်တစ်ခုက ထိပ်တန်းအသင်းတွေကို မထိတ်မလန့် ကျော်ဖြတ်ပြရမှာပါ။ အာဆင်နယ်အသင်းကစားသမားတွေက ချန်ပီယံလိဂ်အတွေ့အကြုံပိုရင့်ကျက်လာပြီ။

ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ် League Phase မှာ အာဆင်နယ်ကထိပ်တန်းအသင်းတွေကိုကျော်ဖြတ်ပြဖူးတဲ့ အစဉ်အလာလည်းရှိနေပါတယ်။

အာဆင်နယ်ဟာ ချန်ပီယံလိဂိမှာ ချန်ပီယံဖြစ်နိုင်တဲ့ dark horse အသင်းတစ်သင်းပါ။ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်တို့လိုချန်ပီယံလိဂ်အရှင်သခင်တွေကိုကျော်ဖြတ်ပြီး ဗိုလ်စွဲဖို့ရေပန်းစားနေတယ်။

အာဆင်နယ်က ချန်ပီယံလိဂ် League Phase မှာ ဘိုင်ယန်၊ အင်တာ၊ အက်သလက်တီကို၊, ကလပ်ဘရုဂေး၊ အိုလံပီယာကော့စ်၊ ဆလားဗီးယားပရက်ဂ်၊ ကိုင်ရက်အယ်လ်မာတီတို့နဲ့ ဆက်ပြီး ကစားရပါမယ်။

ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်၊ အက်သလက်တီကိုတို့ပါနေလို့ အာဆင်နယ်အမှားမခံပေမယ့် လက်ရှိအာဆင်နယ်ရဲ့ခြေစွမ်းအရကြောက်စရာမရှိပါဘူး။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် League Phase မှာ ပွဲကျပ်ပေမယ့်တတိယနေရာရပြီး ခပ်လွယ်လွယ် နောက်တစ်ဆင့်တက်ခဲ့တာပါ။

အခုရာသီမှာလည်း အာဆင်နယ်ကဘယ်အသင်းကိုမှ မကြောက်ပါဘူး။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။