မန်ယူနိုက်တက်နည်းပြ အာမိုရင်မ်ကို ဂန္ထဝင်ကစားသမားတွေ ဝေဖန်

မန်ယူနိုက်တက်ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ပေါလ်စခိုးလ်၊ ဝိန်းရွန်နီတို့က လက်ရှိအသင်းနည်းပြ အာမိုရင်မ်ကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

ဝိန်းရွန်နီက မန်ယူနိုက်တက်အသင်းဟာ အာမိုရင်မ်လက်ထက်မှာ ပိုမိုဆိုးရွားလာတယ်လို့ သုံးသပ်ခဲ့ပါတယ်။

အာမိုရင်မ်ဟာ မန်ယူနိုက်တက်အသင်းကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁ ရက်မှာ စတင်တာဝန်ယူခဲ့ပေမဲ့ သူ့လက်ထက် ၁၀ လအတွင်း ကွင်းတွင်းရလဒ်ပိုင်းက တိုးတက်မလာခဲ့ပါဘူး။

ပေါလ်စခိုးလ်ကလည်း အာမိုရင်မ်ရဲ့အငြင်းပွားဖွယ် ၃-၄-၃ ကစားကွက်အတွက် လိုအပ်တဲ့ အရည်အသွေးတွေ ရှိမနေဘူးလို့ ဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် ၎င်းက ကွင်းလယ်မှာ မိန်နူးနဲ့သင့်တော်မယ့် အသင်းဖော်လည်း ရှိမနေဘူးလို့ မှတ်ချက်ပြုခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ရာသီအဖွင့် လေးပွဲအပြီးမှာ လေးမှတ်သာ ရရှိထားတာဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။