နော်ဝေတိုက်စစ်မှူး ဟာလန်း ခြေစမ်းပွဲနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘရက်ဟာလန်းအဖြစ် နာမည်ပြောင်းလဲဝတ်ဆင်မယ်

နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟာလန်းဟာ စက်တင်ဘာလအတွင်းကစားရမယ့် ခြေစမ်းပွဲနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘရက်ဟာလန်းအဖြစ် နာမည်ပြောင်းလဲ ဝတ်ဆင်မယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ဟာလန်းရဲ့ နာမည်အပြည့်အစုံက အာလင်းဘရက်ဟာလန်းဖြစ်ပြီး ယခင်ဝတ်ဆင်ခဲ့တဲ့ ဂျာစီတွေမှာတော့ ”ဟာလန်း” အမည်ကိုသာ အသုံးပြုခဲ့တာပါ။

ဒါပေမဲ့ စက်တင်ဘာလအတွင်း နော်ဝေလက်ရွေးစင်အသင်းယှဉ်ပြိုင်ရမယ့် နိုင်ငံတကာပွဲစဉ်တွေမှာ အလယ်နာမည်ကိုပါထည့်သွင်းပြီး ”ဘရက်ဟာလန်း” လို့ ရေးသားထားတဲ့အကျႌ ပြောင်းလဲဝတ်ဆင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ယခုလို ဟာလန်း နာမည်ပြောင်းလဲဝတ်ဆင်မယ့် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး နော်ဝေအသင်းနည်းပြ ဆိုလ်ဘက်ကန်က ”အဲဒါ (ဘရက်) က သူ့နာမည်ပါ။ ဒါက ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်လည်း အခုချိန်အထိမသိသေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ အင်္ဂလန်နိုင်ငံမှာ မွေးဖွားခဲ့ပေမဲ့ ဖခင်ဖြစ်သူ အဲလ်ဖ်အင့်ချ်ဟာလန်းရဲ့ အမွေကိုဆက်ခံပြီး နော်ဝေလက်ရွေးစင်အသင်း ကိုယ်စားပြုကစားဖို့ ရွေးချယ်ခဲ့ပါတယ်။

၎င်းဟာ အသက် ၁၉ နှစ်အရွယ်မှာ နော်ဝေလက်ရွေးစင်အဖြစ် စတင်ကစားခွင့်ရခဲ့ပြီး ပြိုင်ပွဲစုံ ၄၃ ပွဲကစား၊ ၄၂ ဂိုးသွင်းယူကာ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသလို ဒုတိယအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံထားရပါတယ်။

အခု ပြောင်းလဲဝတ်ဆင်မယ့် နာမည်အသစ်ကို မန်စီးတီးအသင်းမှာ ဝတ်ဆင်ခြင်းရှိမရှိကိုတော့ မသိရသေးပါဘူး။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။