ဘွန်ဒစ်လီဂါမှာ ဟက်ထရစ်ရှစ်ကြိမ်ရှိလာတဲ့ ဟာရီကိန်း

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းဟာ လိုက်ပ်ဇစ်ကို ဂိုးဒါဇင်ဝက်သွင်းပြီး အနိုင်ရတဲ့ပွဲမှာ သွင်းယူခဲ့တဲ့ဟက်ထရစ်ဟာ ဘွန်ဒစ်လီဂါကစားသမားဘ၀ ရှစ်ကြိမ်မြောက်
ဟက်ထရစ် ဖြစ်ခဲ့ပါတယ်။

ဟာရီကိန်းအနေနဲ့ ဒီဟက်ထရစ်ကို ၁၄ မိနစ်အတွင်း သွင်းယူခဲ့တာလည်းဖြစ်တယ်။

၎င်းဟာ ပထမဆုံးရာသီဖြစ်တဲ့ ၂၀၂၃-၂၄ ရာသီမှာ ဟက်ထရစ်လေးကြိမ်(ဘိုဟုမ်၊ ဒမ်းစတက်ဒ်၊ ဒေါ့မွန်နဲ့ မိန့်ဇ်)၊ ၂၀၂၄-၂၅ ရာသီမှာ ဟက်ထရစ် သုံးကြိမ် (ဟော်စတိုင်ကီလ်၊
စတုဂတ်၊ အော့စ်ဘတ်) သွင်းယူခဲ့ပါတယ်။

ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံ ၉၈ ပွဲကစားထားရာမှာ သွင်းဂိုးပေါင်းကလည်း ၈၉ ဂိုး ရှိလာခဲ့တယ်။

၎င်းအနေနဲ့ ပြီးခဲ့တဲ့နှစ်ရာသီမှာ ပြိုင်ပွဲစုံ ၄၄ ဂိုး၊ ၄၁ ဂိုး အသီးသီးသွင်းယူနိုင်ခဲ့ပါတယ်။

အခုရာသီသစ်မှာတော့ နှစ်ပွဲကစားအပြီးမှာပဲ သွင်းဂိုးပေါင်းက လေးဂိုးအထိ ရှိလာခဲ့ပါတယ်။

လီဗာပူးလ်ကနေ ပေါင် ၆၅.၅ သန်းနဲ့ ရောက်ရှိလာတဲ့ လူးဝစ်ဒီယက်ဇ်ကလည်း ဘွန်ဒစ်လီဂါပွဲဦးထွက်မှာ တစ်ဂိုးသွင်းပြီး နှစ်ဂိုး ဖန်တီးပေးခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။