လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို အီဆက်ခ် ဆုံးဖြတ်ထား

ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဆက်ခ်ဟာ အခုနွေရာသီမှာ နယူးကာဆယ်က ထွက်ခွာပြီး လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။

အီဆက်ခ်အနေနဲ့ အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းမယ့် စက်တင်ဘာလ ၁ ရက်မတိုင်ခင် ပရီးမီးယားလိဂ်ချန်ပီယံကလပ်နဲ့ ပူးပေါင်းနိုင်ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းရင်းမြစ်တွေက BBC Sport ကို ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ သြဂုတ်လ ၁ ရက်က အီဆက်ခ်ကို ပေါင် ၁၁၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ နယူး
ကာဆယ်အသင်းက ပယ်ချခဲ့ပါတယ်။

အဲဒီနောက် လီဗာပူးလ်အသင်းဘက်က ထပ်မံကမ်းလှမ်းမှု မလုပ်တော့ဘူးလို့လည်း သတင်းထွက်ခဲ့ ပါတယ်။

အက်သလက်တီကိုအသင်းအား အရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲအပြီး နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက အီဆက်ခ်ဟာ လက်ရှိမှာ သူ့ရဲ့အစီအစဉ်တွေထဲ မပါဝင်ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

အီဆက်ခ်အနေနဲ့ လာမယ့်စနေနေ့မှာကစားမယ့် အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ မှာ ပါဝင်မကစားဖို့ သေချာသလောက်ရှိနေပါတယ်။

ဒေါ့မွန်တိုက်စစ်မှူးဟောင်းဟာ အသေးစားဒဏ်ရာကြောင့် နယူးကာဆယ်အသင်းရဲ့ ရာသီကြိုခရီးစဉ် ကိုလည်း မလိုက်ပါနိုင်ဘဲ ဖြစ်ခဲ့ပါတယ်။

၎င်းဟာ ပြီးခဲ့တဲ့အပတ်က ဗြိတိန်ကို မပြန်လာခင် အသင်းဟောင်း ဆိုစီဒက်အသင်းမှာ တစ်ဦးတည်း လေ့ကျင့်ခဲ့ပါတယ်။

အီဆက်ခ်အနေနဲ့ ပြီးခဲ့တဲ့ရာသီက နယူးကာဆယ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၂ ပွဲကစားကာ ၂၇ ဂိုး သွင်းယူခဲ့ပါတယ်။

အီဆက်ခ်ရဲ့လက်ရှိစာချုပ်က နယူးကာဆယ်အသင်းမှာ သုံးနှစ်သက်တမ်း ကျန်ရှိနေပါသေးတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။