မန်ယူနိုက်တက်တိုက်စစ်မှူး ဟွိင်လန်းကို အေစီမီလန် စိတ်ဝင်စားနေ

အေစီမီလန်အသင်းဟာ မန်ယူနိုက်တက်အသင်းက ဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူး ဟွိုင်လန်းကို အငှားခေါ်ယူဖို့ စိတ်ဝင်စားနေ
ပါတယ်။

အေစီမီလန်အသင်းက ဟွိုင်လန်းကို အငှားခေါ်ယူခ ယူရို လေးသန်း(ပေါင် ၃.၄၇ သန်း)၊ အပြီးသတ်ခေါ်ယူမှု ယူရို သန်း ၄၀ (ပေါင် ၃၄.၇ သန်း)နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

မန်ယူနိုက်တက်ဟာ ၂၀၂၃ ခုနှစ်က ဟွိုင်လန်းကို အတ္တလန်တာကနေ ခေါ်ယူချိန်က ပေါင် ၇၂ သန်း ကုန်ကျခဲ့ပါတယ်။

ဟွိုင်လန်းကိုယ်တိုင်ကလည်း အမေရိကခရီးစဉ်မှာ မန်ယူနိုက်တက်မှာပဲ ဆက်လက်ကစားချင်တယ်လို့ ဖွင့်ဟထားပါတယ်။

ဒါပေမဲ့ ရှက်ရှကို ရောက်ရှိလာတော့မှာဖြစ်လို့ ဟွိုင်လန်းရဲ့အနာဂတ်က ပိုမိုလှုပ်ခတ်လာ
ခဲ့ပါတယ်။

အခြားအသင်းအတော်များများကလည်း ဟွိုင်လန်းကို စိတ်ဝင်စားနေပြီး အငှားခေါ်ယူချင်တာ ပိုများပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။