ရိုဒရီဂိုကို ယူရို(၆၅)သန်းနဲ့ စပါးအသင်း ကမ်းလှမ်း

စပါးအသင်းဟာ ရီးယဲလ်အသင်းက ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂိုကို ယူရို(၆၅)သန်းနဲ့ ကမ်းလှမ်းလိုက်ကြောင်း သိရပါတယ်။

ရီးယဲလ်အသင်းကို ၂၀၁၉ ခုနှစ်ကတည်းက ရောက်ရှိခဲ့တဲ့ ရိုဒရီဂိုဟာ အသင်းမှာ ခြေစွမ်းပြနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပေမဲ့ နည်းပြသစ် အလွန်ဆို သဘောမကျတာကြောင့် ပွဲကစားခွင့်ရနိုင်ခြေ နည်းပါးနေပါတယ်။

ရိုဒရီဂိုက ရီးယဲလ်အသင်းမှာပဲ ဆက်နေပြီး နေရာလုတိုက်ပွဲ ဆင်နွှဲချင်နေပေမဲ့ အလွန်ဆိုက ထိပ်တန်းအဆင့် နောက်ခံလူတစ်ဦး အားဖြည့်ချင်နေတာကြောင့် ရိုဒရီဂိုကို ရောင်းထုတ်ပြီး အပြောင်းအရွှေ့အသုံးစရိတ် ရှာဖွေဖို့ လိုလားနေကြောင်း သိရပါတယ်။

စပါးအသင်းက ၀ါရင့်တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ကို ဆုံးရှုံးထားရတော့မှာဖြစ်လို့ ရိုဒရီဂိုကို ခေါ်ယူအစားထိုးဖို့ ရည်ရွယ်နေတာဖြစ်ပြီး ရိုဒရီဂိုနဲ့ တိုက်ရိုက်ဆွေးနွေးညှိနှိုင်းခွင့်ပြုဖို့ ရီးယဲလ်အသင်းကို တောင်းဆိုထားကြောင်းလည်း သိရပါတယ်။

စပါးအသင်းက ရိုဒရီဂိုကို မခေါ်ယူနိုင်ခဲ့ရင် ရာဖေးလ်လီယာအို၊ မူအာနီနဲ့ အန်ဒီယေးတို့ထဲက တစ်ဦးဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေကြောင်းလည်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။