ခရစ္စတယ်ပဲလေ့စ်နဲ့ ဂျီရိုနာအသင်းတို ကစားသမားတွေ အပြန်အလှန်ခေါ်ယူဖို စီစဉ်နေ

ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ လာလီဂါကလပ် ဂျီရိုနာအသင်းတို့ဟာ ကစားသမားတွေ အပြန်အလှန်ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းက ဂျီရိုနာအသင်းရဲ့ စပိန်နောက်ခံလူ အာနော်မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ပြောင်းရွှေ့ကြေး ယူရို(၁၀)သန်းဝန်းကျင် ပေးချေရမယ်လို့ သိရပါတယ်။

အာနော်မာတီနက်ဇ်ဟာ ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီထွက်ကစားသမားဖြစ်ပြီး အသက်(၂၂)နှစ်သာ ရှိပါသေးတယ်။

ဂျီရိုနာအသင်းက တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ စီစဉ်နေပြီး ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အက်ဒွပ်ကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။

ဂျီရိုနာအသင်းဟာ PSG ကစားသမားဟောင်းဖြစ်တဲ့ အက်ဒွပ်(၂၇ နှစ်)ကို ယူရို(၆)သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

နှစ်သင်းစလုံးရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေက နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီလို့လည်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။