ကစားသမား (၁၅)ဦးအထိ ထပ်မံရောင်းထုတ်ဖို ချယ်လ်ဆီး စီစဉ်နေ

ချယ်လ်ဆီးအသင်းဟာ ဒီနှစ် နွေရာသီမှာ ကစားသမား (၉)ဦး ရောင်းထုတ်ထားပြီးဖြစ်ပေမဲ့ ထပ်မံရောင်းထုတ်ဖို့ စီစဉ်နေဆဲဖြစ်ကြောင်း သိရပါတယ်။

ချယ်လ်ဆီးအသင်း ရောင်းထုတ်ဖို့ စီစဉ်ထားတဲ့ ကစားသမားက (၁၅)ဦးအထိ ရှိနေပြီး အန်ကွန်ကူ၊ စတာလင်၊ နီကိုလပ်စ်ဂျက်ဆင်၊ ဘင်ချီဝဲလ်တို့လို ကစားသမားတွေ ပါဝင်နေတယ်လို့လည်း သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ကစားသမားသစ် (၈)ဦးခေါ်ယူထားပြီး နောက်ထပ်ခေါ်ယူမှုတွေ ပြုလုပ်ဦးမှာဖြစ်တာကြောင့် ကစားသမားတွေ ထပ်ရောင်းဖို့လည်း စီစဉ်နေတာပါ။

ဒါကြောင့် စေျးကွက်မပိတ်မချင်း ချယ်လ်ဆီးအသင်းရဲ့ ကစားသမားအပြောင်းအလဲတွေကို မြင်တွေ့ရဖွယ်ရှိကြောင်းလည်း ဂျာနယ်လစ်အချို့က သုံးသပ်နေကြပါတယ်။

ချယ်လ်ဆီးအသင်းဟာ လိုက်ပ်ဇစ်အသင်းက နယ်သာလန်ကစားသမား ဇာဗီဆိုင်မွန်စ်ကို ခေါ်ယူဖို့အတွက် ကစားသမား(၄)ဦးနဲ့ အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေကြောင်းလည်း သတင်းထွက်နေပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။