အောက်တိုဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးဆုတွေကို တစ်ပြိုင်နက်ဆွတ်ခူးခဲ့တဲ့ အာမိုရင်မ်နဲ့ အမ်ဘူမို

မန်ယူနိုက်တက်အသင်းက နည်းပြ အာမိုရင်မ်နဲ့ တိုက်စစ်ကစားသမား အမ်ဘူမိုတိုကပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆုနဲ့ ကစားသမားဆုတွေကို တစ်ပြိုင်နက်ဆွတ်ခူးခဲ့ပါတယ်။

၂၀၂၃ နိုဝင်ဘာလက မက်ဂွိင်းရား၊ တန်ဟက်ဂ်နဲ့ဂါနာချိုတို ကစားသမားဆု၊ နည်းပြဆုနဲ့ သွင်းဂိုး
ဆုတွေ တစ်ပြိုင်နက် ဆွတ်ခူးပြီးနောက် တစ်လတာအကောင်းဆုံးဆုတွေကို နှစ်ခုနဲ့အထက် ပထမဆုံးအကြိမ် ပြန်ရခဲ့တာပါ။

အာမိုရင်မ်က မန်ယူနိုက်တက်အသင်းကိုကိုင်တွယ်မှု တစ်နှစ်နီးပါးကြာမှ သူ့လက်ထက် ပထမဆုံးအဖြစ် အောက်တိုဘာလအတွင်း ပရီးမီးယားလိဂ် သုံးပွဲစလုံး အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

အာမိုရင်မ်အနေနဲ့ တစ်လတာအကောင်းဆုံးနည်းပြဆုကို ရရှိတဲ့ ခြောက်ဦးမြောက် ပေါ်တူဂီလူမျိုးနည်းပြလည်း ဖြစ်ခဲ့တယ်။

အမ်ဘူမိုကတော့ အောက်တိုဘာလမှာ ပရီးမီးယားလိဂ် သုံးပွဲကစား သုံးဂိုးသွင်း၊ တစ်ဂိုးဖန်တီး
ပေးခဲ့ပါတယ်။

ဘန်လေဂိုးသမား ဒူဘရေကာက အကောင်းဆုံးကာကွယ်မှုဆုနဲ့ အက်စတွန်ဗီလာကွင်းလယ်တိုက်စစ်ကစားသမား ဘန်ဒီယာက အကောင်းဆုံးသွင်းဂိုးဆုတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။