အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ် နိုင်ငံတကာပွဲမှာ ပေါင်ခြံဒဏ်ရာ ရရှိ

အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ် နိုင်ငံတကာပွဲမှာ ပေါင်ခြံဒဏ်ရာ ရရှိ

အာဆင်နယ်အသင်းက ဘရာဇီးလ်လက်ရွေးစင်နောက်ခံလူ ဂါဘရီယဲလ်ဟာ ဆီနီဂေါနဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ ပေါင်ခြံဒဏ်ရာ ရရှိခဲ့ပါတယ်။

ဂါဘရီယဲလ်(၂၇ နှစ်)အနေနဲ့ ပွဲချိန်တစ်နာရီမပြည့်ခင်မှာ ဒဏ်ရာရခဲ့ပြီး လူစားလဲခံခဲ့ရပါတယ်။

၎င်းဟာ ပရီးမီးယားလိဂ်ဇယားထိပ်ဆုံးရောက် အာဆင်နယ်အသင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ငါးဂိုးသာ ပေးခဲ့ရတဲ့ ခံစစ်ကြောင်းကို ဦးဆောင်သူတစ်ဦးလည်းဖြစ်တယ်။

”ဒဏ်ရာက ဆိုးသလားကို ကျွန်တော် မသိပါဘူး။ သူ့ရဲ့ပေါင်မှာ ဒဏ်ရာရခဲ့ပါတယ်။ ဆေးအဖွဲ့က မနက်ဖြန်မှာ စစ်ဆေးပါမယ်။ ကျွန်တော်တို့ ဒီအတွက် အမှန်တကယ် ဝမ်းနည်းစိတ်ပျက်ရပါတယ်။ ကစားသမားတစ်ယောက် ဒဏ်ရာရချိန်မှာ မကြာခင်ပြန်ကောင်းဖို့ မျှော်လင့်ပါတယ်”လို့ ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက ပြောခဲ့ပါတယ်။

ဘရာဇီးလ် (၂-ဝ) ဆီနီဂေါခြေစမ်းပွဲကို အာဆင်နယ်အသင်းရဲ့ အီမရိတ်စ်ကွင်းမှာ ကစားခဲ့ပြီး အီစတယ်ဗို၊ ကက်စီမီရိုတို့က ဂိုးသွင်းပေးခဲ့ပါတယ်။

တခြားနောက်ခံလူတစ်ဦးဖြစ်တဲ့ ကာလာဖီအိုရီလည်း တင်ပါးဒဏ်ရာရှိနေလို့ အီတလီအသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ရပါတယ်။

အာဆင်နယ်အသင်းဟာ နိုဝင်ဘာလ ၂၃ ရက်မှာ စပါးနဲ့ မြောက်လန်ဒန်ဒါဘီ၊ နိုဝင်ဘာလ ၂၆ ရက်မှာ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ပွဲတွေ ကစားရဖို့ရှိပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။