ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်းရဲ့ ကစားသမားတချို့ဟာ မနေ့ညက ပရိသတ်တွေနဲ့အတူ အမ်းမရိတ်စ်ကွင်းမှာ ညလုံးပေါက်အောင်ပွဲခံခဲ့ကြကြောင်း သိရပါတယ်။
အာဆင်နယ်ကစားသမားတွေဟာ ဘုန်းမောက် – မန်စီးတီးပွဲကို လေ့ကျင့်ရေးကွင်းမှာ စုဝေးကြည့်ရှုခဲ့ကြပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အဖြေထွက်ခဲ့တဲ့အတွက် လေ့ကျင့်ရေးကွင်းမှာ စတင်အောင်ပွဲခံခဲ့ကြပါတယ်။
အဲဒီနောက် ကစားသမားတချို့က အမ်းမရိတ်စ်ကွင်း အပြင်ဘက်မှာ လာရောက်အောင်ပွဲခံနေကြတဲ့ အာဆင်နယ်အသင်းပရိသတ်တွေနဲ့ သွားရောက်ပူးပေါင်းကာ မနက်(၅)နာရီဝန်းကျင်မှ အိမ်ပြန်ခဲ့ကြကြောင်း သိရပါတယ်။
အင်္ဂလန်ကွင်းလယ်ကစားသမား အက်ဇေး Instagram မှာ တင်ခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ မိုးလင်းပေါက် အောင်ပွဲခံခဲ့တဲ့ အာဆင်နယ်ကစားသမားတွေထဲမှာ ဒက်ကလန်ရိုက်စ်၊ တင်ဘာ၊ ဆာကာတို့ ပါဝင်ခဲ့ပြီး အသင်းခေါင်းဆောင် အော်ဒီဂွါကလည်း ပါတီတစ်ခုမှာ သူတို့နဲ့အတူရှိခဲ့ကြောင်း သိရပါတယ်။
အာဆင်နယ်နည်းပြ အာတေတာကတော့ ဘုန်းမောက် – မန်စီးတီးပွဲကို မိသားစုနဲ့အတူ နေအိမ်မှာသာ ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။