အနီကတ်ပြစ်ဒဏ်တွေနဲ့ ဆက်တိုက်ကြုံတွေ့နေရပေမဲ့ စိုးရိမ်စရာမရှိဘူးလို မာရက်စကာ ပြောကြား

ချယ်လ်ဆီးနည်းပြ မာရက်စကာက အနီကတ်ပြစ်ဒဏ်တွေနဲ့ ဆက်တိုက်ကြုံတွေ့နေရပေမဲ့ စိုးရိမ်စရာမရှိဘူးလို ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၄)ပွဲအနက် (၃)ပွဲမှာ အနီကတ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ခဲ့ရပြီး မန်ယူနဲ့ပွဲမှာ ဂိုးသမား ရောဘတ်ဆန်းချက်ဇ်၊ ဘရိုက်တန်နဲ့ပွဲမှာ နောက်ခံလူ ချာလိုဘာ၊ ဘင်ဖီကာနဲ့ပွဲမှာ တိုက်စစ်ကစားသမား ဂျော်အိုပတ်ဒရို(နှစ်ဝါ တစ်နီ)တို အနီကတ်ပြခံခဲ့ရတာပါ။

ဒါပေမဲ့ မာရက်စကာကတော့ ဒါဟာ ကစားသမားတွေရဲ့ စည်းကမ်းပိုင်းဆိုင်ရာပြဿနာမဟုတ်သလို၊ စိုးရိမ်ပူပန်စရာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဘင်ဖီကာနဲ့ပွဲမတိုင်ခင်အထိ ကစားသမားတွေ အနီကတ်ပြခံခဲ့ရတဲ့ နောက်ဆုံးပွဲစဉ်(၄)ပွဲစလုံး ရှုးနိမ့်ခဲ့ပေမဲ့ ဘင်ဖီကာနဲ့ပွဲမှာတော့ အနိုင်ရရှိခဲ့ပါတယ်။

ဒါကြောင့် မာရက်စကာက ”အနည်းဆုံးတော့ အနီကတ်ပြခံရပြီးမှ ဘယ်လိုအနိုင်ယူရမလဲဆိုတာ ကျွန်တော်တို သင်ယူနိုင်ခဲ့ပါပြီ။ ဒါက ပထမဆုံးပွဲပါ။ နှစ်မိနစ်၊ သုံးမိနစ်လောက်ပဲ ကစားရပေမဲ့ပေါ့။ ဆန်းချက်ဇ်နဲ့ ချာလိုဘာတိုက ဂိုးပေါက်ကို ကာကွယ်ရင်း ဖြစ်ခဲ့တာပါ။ တစ်ခါတစ်ရံမှာ ဂိုးပေးလိုက်ရတာ၊ အခွင့်အရေးပေးလိုက်ရတာက ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ (၁၁)ယောက်ချင်း ဆက်ပြီးယှဉ်ပြိုင်နိုင်လိုပါ။ ကျွန်တော့်အမြင်အရတော့ အနီကတ်တွေက စိုးရိမ်ပူပန်စရာမရှိပါဘူး” လို ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။