အင်္ကျီလက်မောင်းစပွန်ဆာ Visit Rwanda နဲ့အာဆင်နယ်လမ်းခွဲမယ်

အာဆင်နယ်အသင်းက ၂၀၁၈ ခုနှစ်ကစတင်ပြီး
အင်္ကျီလက်မောင်းစပွန်ဆာရယူထားတဲ့ Visit Rwandaနဲ့
လမ်းခွဲတော့မယ်လိုသိရပါတယ်။

ရဝမ်ဒါခရီးသွားလာရေးဝန်ကြီးဌာနက
အာဆင်နယ်အသင်းနဲ့ ပေါင်(၁၀)သန်းတန်(၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ပိုင်းမှာ ၂၀၂၆ ဇွန်လအထိ သက်တမ်းတိုးမြှင့်ခဲ့ပါတယ်။

ဒါပေမဲ့ ရဝမ်ဒါနိုင်ငံရဲ့စစ်ရေးကူညီမှုတွေကြောင့်
DR ကွန်ဂိုနိုင်ငံရဲ့ပြည်တွင်းစစ်ပိုမိုကြီးမားလာချိန်မှာ
စပွန်ဆာယူထားတဲ့ အာဆင်နယ်အသင်းလည်း
အကြီးအကျယ်ဝေဖန်ခံလာရပါတယ်။

DR ကွန်ဂိုအစိုးရနဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့
M23 ပုန်ကန်သူတွေကို ရဝမ်ဒါအစိုးရက လက်နက်ခဲယမ်းနဲ့ စစ်အင်အားကူညီပေးနေတာဖြစ်ပါတယ်။
ရဝမ်ဒါနိုင်ငံရဲ့စစ်ရေးအကူအညီကြောင့်
DR ကွန်ဂိုပြည်တွင်းစစ်က အဆုံးမသတ်နိုင်ဘဲ
အပျက်အစီးအဆုံးအရှုးများနေခဲ့ပါတယ်။

Visit Rwanda အမှတ်တံဆိပ်နဲ့စပွန်ဆာရယူထားတဲ့အသင်းတွေထဲ PSG ၊ ဘိုင်ယန်မြူးနစ်တိုလည်း
ပါဝင်နေပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့
ဝေဖန်မှုတွေကြောင့်စပွန်ဆာစာချုပ်ဖျက်သိမ်းခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တချိုကတော့
အာဆင်နယ်အသင်းဟာ ငွေရမယ်ဆိုရင်ခါးသီးတဲ့မြိုခံပြိုင်ဘက်စပါးအသင်းဆီကနေလည်း
စပွန်ဆာယူမယ့်အသင်းဆိုပြီးလှောင်ပြောင်နေပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။