အင်တာနေစီယွန်နယ်တိုက်စစ်မှူး ရီကာဒိုမားသီးယပ်စ်ကို စောင့်ကြည့်ဖို မန်ယူအသင်း ကင်းထောက်စေလွှတ်ထား

မန်ယူအသင်းဟာ ဘရာဇီးလ်ကလပ် အင်တာနေစီယွန်နယ်အသင်းက ဘရာဇီးလ်ယူ-၂၀ တိုက်စစ်မှူး ရီကာဒိုမားသီးယပ်စ်ကို စောင့်ကြည့်ဖို့ ကင်းထောက် စေလွှတ်ထားကြောင်း သိရပါတယ်။

ရီကာဒိုမားသီးယပ်စ်(၁၉ နှစ်)ဟာ အရပ် (၆)ပေ၊ (၄)လက်မ ရှိတဲ့ တိုက်စစ်မှူးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ အင်တာနေစီယွန်နယ်စီနီယာအသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့သူပါ။

ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ ကစားဟန်တူတယ်လို့ နှိုင်းယှဉ်ချီးကျူးခြင်းခံနေရတဲ့ ရီကာဒိုမားသီးယပ်စ်ကို မန်ယူနဲ့အတူ အခြားပရီးမီးယားလိဂ်အသင်းတစ်သင်းကလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အင်တာနေစီယွန်နယ်အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ရီကာဒိုမားသီးယပ်စ်ဟာ ယူရို(၆၅)သန်းတန် လျော်ကြေးစာချုပ်လည်း ထည့်သွင်းချုပ်ဆိုထားကြောင်း သိရပါတယ်။

မန်ယူအသင်းက ဒီနှစ်နွေရာသီမှာ တိုက်စစ်ကစားသမား(၃)ဦး ခေါ်ယူအားဖြည့်ထားပေမဲ့ ရီကာဒိုမားသီးယပ်စ်ကို အနာဂတ်အတွက် ကာလရှည်အသုံးပြုနိုင်ဖို့ ရည်ရွယ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။