လွန်ခဲ့တဲ့(၁၁)နှစ်ကတည်းက အစပြုခဲ့တဲ့ တင်ပါးဒဏ်ရာကြောင့် အနားယူခဲ့ခြင်းဖြစ်ကြောင်း လာမယ်လာ ဖွင့်ဟ

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကစားသမားဘဝက အနားယူကြောင်း ကြေညာခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား လာမယ်လာက လွန်ခဲ့တဲ့(၁၁)နှစ်ကတည်းက အစပြုခဲ့တဲ့ တင်ပါးဒဏ်ရာကြောင့် အနားယူခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

လာမယ်လာဟာ စပါးအသင်းမှာ ကာလရှည်ကစားခဲ့သူဖြစ်ပြီး AEK အေသင်အသင်းနဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် အသက်(၃၃)နှစ်အရွယ်မှာပဲ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

” ကျွန်တော့်မှာ တင်ပါးဒဏ်ရာပြဿနာ ရှိနေပါတယ်။ လွန်ခဲ့တဲ့(၁၁)နှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ၂၀၁၇ မှာ နှစ်ဖက်စလုံးကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ဘယ်ဘက်တင်ပါးက ပိုဒုက္ခပေးပါတယ်။ ခက်ခဲတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ကျွန်တော် ကြောက်လန့်ခဲ့ရပါတယ်။ ကစားသမားဘဝ အဆုံးသတ်တော့မလားလို့လည်း တွေးမိခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော့်အသက် (၂၅)နှစ်ပဲ ရှိပါသေးတယ်” လို့ ပြောကြားခဲ့ပါတယ်။

လာမယ်လာက ဒီနှစ်ထဲမှာတော့ ပွဲကစားရတာသာမက လေ့ကျင့်ရတာမှာပါ အလွန်ခက်ခဲလာတဲ့အတွက် အနားယူဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

လာမယ်လာဟာ လက်ရှိအချိန်မှာတော့ အသင်းဟောင်း ဆီဗီလာမှာ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်နေပြီလို့ သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။